Thursday, April 2, 2015

ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာကိစ္စရပ်များ စည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်စေရေး အဆိုတင်သွင်း

 




နေပြည်တော် ဧပြီ ၁
ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၇)ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပသည်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းများ ဆောင်ရွက် ရာတွင် အရည်အသွေးကောင်းပြီး အချိန်မီပြီးစီးအောင်မြင်စေရေးနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာကိစ္စရပ်များ စည်းမျဉ်း စည်းကမ်းနှင့်အညီ ဖြစ်စေရေး အတွက် ကြီးကြပ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုလွှတ်တော်နှင့် ပြည် ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်း ကြောင်းအဆိုကို သာကေတမဲဆန္ဒ နယ်မှ ဦးမောင်မောင်စိုးက တင်သွင်း ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာန များက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်က အဆိုကို အတည်ပြု ခဲ့သည်။
အဆိုနှင့်စပ်လျဉ်း၍ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်း၊ တံတား လုပ်ငန်းများကို အကောင်အထည်ဖော် ရာ၌ ၂ဝ၁၃ - ၂ဝ၁၄ ဘဏ္ဍာနှစ်မှ စတင်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး၏ ညွှန်ကြားချက်နှင့်အညီ တင်ဒါ ခေါ်ယူရေးလုပ်ငန်းကော်မတီ၊ ကြမ်းခင်း ဈေးတွက်ချက်ရေးကော်မတီ၊ အရည် အသွေးစိစစ်ရေး ကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်း၍ ပွင့်လင်းမြင်သာ ပြီး တိကျသေချာသော တင်ဒါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် မည့် တည်ဆောက်ရေးလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူရေး လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ရာ တွင် အိတ်ဖွင့်တင်ဒါစနစ်နှင့် နိုင်ငံ တော်အစိုးရအဖွဲ့မှ ညွှန်ကြားထား သည့် ''ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်း များ ဆောင်ရွက်ရာတွင် လိုက်နာ ကျင့်သုံးရမည့်လုပ်ငန်း လမ်းညွှန်ချက် များ''အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာလင်းအောင်က ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဘဏ္ဍာ ရေးစီမံခန့်ခွဲမှုစနစ်ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များကို ၂ဝ၁၂ ခုနှစ်မှ စတင်၍ဖော်ဆောင်လျက်ရှိရာ အမိန့် ကြော်ငြာစာ ၄၂/၈၆ပါ ဘဏ္ဍာရေး စည်းမျဉ်းများကိုလည်း ခေတ်နှင့် လျော်ညီအောင် ပြင်ဆင်ရေးကို ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ရည်မှန်း၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် လစာနှုန်းများ တိုးမြှင့်ပေးထားသည်နှင့်အမျှ လစာ စရိတ်နှင့်ပတ်သက်သည့် သာမန် အသုံးစရိတ်များကို ပိုမိုဂရုပြု၍ စိစစ် ကြပ်မတ်သွားမည်ဖြစ်ပါကြောင်း၊ ဌာန အဖွဲ့အစည်းအလိုက် အမြဲတမ်း ဝန်ထမ်း၊ နေ့စားဝန်ထမ်းခန့်အပ်မှုများ ကို စိစစ်ခြင်း၊ လုပ်ငန်းပမာဏနှင့် ဝန်ထမ်းအင်အားမျှတမှု ရှိ၊ မရှိ၊ အင်အားဖောင်းပွနေမှု ရှိ၊ မရှိတို့ကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ပုံမှန်ဆောင်ရွက်နေမှုများ အပြင် ၂ဝ၁၄ ခုနှစ် သြဂုတ် ၄ ရက် တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်း
ပေးခဲ့သည့် ''ဘဏ္ဍာငွေသုံးစွဲမှု စနစ်တကျဖြစ်စေရေး ကြီးကြပ်မှုကော်မတီ''မှလည်း ထပ်ဆင့်၍ သာမန်အသုံးစရိတ်ဆိုင်ရာ ဆပ်ကော်မတီ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဆိုင်ရာဆပ်ကော်မတီတို့ကိုဖွဲ့စည်းပြီး ဘဏ္ဍာငွေသုံးစွဲမှုများ စနစ် တကျဖြစ်စေရန် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုတင်သွင်းသည့် အရေးကြီးအဆိုတွင် တင်ပြသည့်အတိုင်း မိမိတို့ဆောင်ရွက် လျက်ရှိသည်များကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိနိုင်ရန်နှင့် ဆက်လက်၍ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် အဆိုတွင်ပါရှိသည့် လိုအပ်ချက်များ ယခုထက်ပိုမိုပြည့်စုံရေးအတွက် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများနှင့် လွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီကို လိုအပ်သလိုရယူခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စာရင်းဆိုင်ရာ သဘောထားအကြံဥာဏ်များပေးခြင်း၊ လိုအပ်ချက်များထောက်ပြ အကြံပြုခြင်းစသည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
စာရင်းစစ်ရုံးအဆင့်ဆင့်၏ ဖွဲ့စည်းပုံအင်အား၊ ခန့်ထားအင်အားတို့ကို ထမ်းဆောင်ရသည့် လုပ်ငန်းပမာဏ၊ နိုင်ငံတော်၏ခွင့်ပြုနိုင်သည့် အင်အား ပမာဏတို့နှင့်ကိုက်ညှိပြီး ခန့်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှိရင်း စာရင်း စစ်ဝန်ထမ်းများကို အဆင့်ဆင့်သော မွမ်းမံသင်တန်းများပေးခြင်း၊ လုပ်ငန်း လမ်းညွှန်များ ထုတ်ပြန်ခြင်းဖြင့် တာဝန်ထမ်းဆောင်နိုင်မှုအင်အားကို တိုးမြှင့်ပေး လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအသီးသီး၏ စာရင်း/ဘဏ္ဍာရေး/ဌာနတွင်း စာရင်းစစ်ဝန်ထမ်းများအတွက်လည်း စာရင်းကိုင်၊ စာရင်းစစ်၊ ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းစသည့် ဘာသာရပ်များကို သင်ကြားပေးရန်အတွက် သင်တန်းအဆင့်(၃)မျိုးကိုလည်း ဖွင့်လှစ်ပို့ချပေးနေပါကြောင်း။
အလားတူ ဝန်ကြီးဌာနများတွင်ပို့ချသည့် သင်တန်းများတွင်လည်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ သင်တန်းကထိက/နည်းပြများ ပါဝင်သင်ကြားပေးသည့်အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ သင်တန်းများတွင်လည်း အခြားဝန်ကြီးဌာနများမှ ကျွမ်းကျင်ပညာရှင်များက ပါဝင်ပို့ချပေးလျက်ရှိပါကြောင်းဖြင့် ဆွေးနွေးခဲ့ သည်။ (သတင်းစဉ်)
 

No comments:

Post a Comment