Friday, April 3, 2015

မန်ယူ၏ချန်ပီယံလိဂ်မျှော်လင့်ချက်ကျဆုံးမည်မဟုတ်ဟု ဒီဂီယာပြောကြား





မန်ယူဂိုးသမားဒေးဗစ်ဒီဂီယာက မန်ယူအနေဖြင့် မည်သို့သောအကြောင်း တရားရှိသည်ဖြစ်စေ နောက်နှစ်ဘောလုံးရာသီတွင် သေချာပေါက် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရရှိနိုင်လိမ့်မည်ဟု ဆိုခဲ့သည်။ နိုင်ငံတကာ ပွဲစဉ်များအပြီး ယခုသီတင်းပတ်၌ မန်ယူသည် ဗီလာအသင်းကို အိမ်ကွင်းတွင် ရင်ဆိုင်ရမည်ဖြစ်ရာ လက်ရှိချန်ပီယံလိဂ်ဝင်ခွင့်နှင့် တစ်နေရာစာကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖွယ် ရှိနေသည်။
ထိပ်ဆုံး လေးနေရာအတွက် အနီးဆုံးပြိုင်ဘက်လီဗာပူးအား အဝေးကွင်း တွင် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပဉ္စမနေရာရှိ လီဗာပူးအသင်းကို လေးမှတ်ဖြတ်ကာ အမှတ်ပေးဇယား စတုတ္ထနေရာ၌ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ပရီမီယာလိဂ်ပွဲကစားရန် ရှစ်ပွဲသာ ကျန်ရှိတော့သောအခြေအနေတွင် မန်ယူအနေဖြင့် ထိပ်ဆုံးသုံးသင်းဖြစ်သည့် ချယ်လ်ဆီး၊ မန်စီးတီးနှင့် အာဆင်နယ်တို့ကို ရင်ဆိုင်ရန် ကျန်ရှိနေသေးသည်။
ဒီဂီယာက ''ကျွန်တော်တို့ မန်ယူမှာ ဘယ်လိုကိစ္စတွေပဲရှိရှိ ချန်ပီယံလိဂ် ဝင်ခွင့်တော့ရရှိမှာပါ။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်ခြင်းမရှိခဲ့ပေမယ့်လည်း မန်ယူအနေဖြင့် ဒီလိုမျိုးအခြေအနေကို နှစ်နှစ်ဆက်တိုက် အဖြစ်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်က ငယ်ရွယ်တဲ့ ကစားသမားဆိုပေမယ့် မန်ယူမှာရှိနေတာက အခုဆိုရင် လေးနှစ်ရှိနေပါပြီ။ ပရီမီယာလိဂ်က ကျွန်တော်ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ပိုပြီး တောက်ပြောင်လာစေခဲ့ပါတယ်။ ဗဲလ်ဒက်စ်နှင့်အတူ အလုပ်လုပ်ရတာက လည်း ကျွန်တော့်အတွက် တကယ့်ကိုကောင်းမွန်ပြီး သူလို့အတွေ့အကြုံ ရင့်ကျက်တဲ့သူဆီက ပညာတွေ အများကြီးရပါတယ်'' ဟု ပြောကြားခဲ့သည်။
ဒီဂီယာသည် ပြီးခဲ့သည့် ဘောလုံးရာသီက မန်ယူ၏ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သူဖြစ်ပြီး ရီးယဲလ်မက်ဒရစ်ကလည်း အဆိုပါ စပိန် ဂိုးသမားကို ဘာနေဗျူးကွင်းသို့ အရောက်ခေါ်ယူလိုနေသည်။
(မေလဲ့သင်း)

No comments:

Post a Comment