Friday, April 3, 2015

ခါးပိုက်နှိုက်ဖမ်းဆီးရေးစီမံချက် ဆောင်ရွက်





ရန်ကုန် ဧပြီ ၂

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် သင်္ကြန်အကြိုကာလ ခါးပိုက်နှိုက် ဖမ်းဆီးရေးစီမံချက် ဆောင်ရွက် နေစဉ် မတ် ၂၆ ရက်တွင် ရန်ကုန်-ပုသိမ်လမ်းမကြီး တပ်ထိပ်မှတ်တိုင်သို့ ဘုရင့်နောင်ဘက်မှ မောင်းနှင် ဆိုက်ရောက်လာသော အမှတ်(၉၆) ခရီးသည်တင် ဒိုင်နာယာဉ်ပေါ်တွင် ခါးပိုက်နှိုက် ပြစ်ချက်ဟောင်းရှိသူ သန်းနိုင်(ခ) သန်းထွန်းအောင်နှင့် မိုးမြင့်ငြိမ်းတို့ နှစ်ဦးအား တွေ့ရှိ၍ သက်သေများနှင့်အတူ ရှာဖွေစစ်ဆေး ဆောင်ရွက်ခဲ့ရာ သန်းနိုင်ဦး(ခ)သန်းထွန်းအောင်ထံမှ ခါးပိုက်နှိုက်ရာတွင် အကာအကွယ်အဖြစ် အသုံးပြုသော SPORTစာတန်းတံဆိပ်ပါ ကျောပိုးအိတ်တစ်လုံးအား လည်းကောင်း၊ မိုးမြင့်ငြိမ်းထံမှ ငွေစက္ကူ ရောရာ ၈၄ဝဝ အားလည်းကောင်း ရှာဖွေတွေ့ရှိသဖြင့် လှိုင်သာယာ မြို့မ ရဲစခန်းက အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
(ခရိုင်ရဲတပ်ဖွဲ့)

No comments:

Post a Comment