Friday, April 3, 2015

မြန်မာယူ-၂ဝ အသင်း မက်ဆီဒိုးနီးယားတွင် လေ့ကျင့်




ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဥရောပနိုင်ငံများ၌ လေ့ကျင့်မှုများပြုလုပ်နေသည့် မြန်မာ ယူ-၂ဝ အသင်းသည် မတ် ၃၁ ရက် မှစ၍ မက်ဆီဒိုးနီးယားနိုင်ငံတွင် လေ့ကျင့်လျက်ရှိသည်။
မြန်မာ ယူ-၂ဝ အသင်းသည် မက်ဆီဒိုးနီးယားခရီးစဉ် ပထမဆုံး ခြေစမ်းပွဲအဖြစ် ဧပြီ ၁ ရက် ညပိုင်းက မက်ဆီဒိုးနီးယား ပထမတန်းကလပ်Shkendija(ခ)အသင်းနှင့် ခြေစမ်းကစားခဲ့ရာ တစ်ဂိုးစီသရေကျခဲ့သည်။ မြန်မာ ယူ-၂ဝ အသင်းမှာ အမာခံ ကစားသမားအများစုဖြင့် ပွဲထွက်ခဲ့သော်လည်း အရန်ကစားသမားအချို့ ကို အသုံးပြုခဲ့သည်။ ယခုပွဲတွင် ပွဲထွက်လူစာရင်း၌ ပါဝင်ခွင့်ရခဲ့သည့် တိုက်စစ်မှူး စိုးထွန်းက ၆၅ မိနစ်တွင် ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။
မြန်မာယူ-၂ဝ အသင်းသည် မက်ဆီဒိုးနီးယားနိုင်ငံ၌ ဆက်လက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲများ ထပ်မံကစားခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိသည်။
(ရှိုင်းထက်ဇော်)

No comments:

Post a Comment