Wednesday, April 1, 2015

မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ရှည်လျားကောင်းမွန်သော ဆက်ဆံရေးရှိ

'မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ရှည်လျားကောင်းမွန်သော ဆက်ဆံရေးရှိ

နေပြည်တော်    မတ်    ၃၁

မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး သည်   ရှည်လျားကောင်းမွန်သော ဆက်ဆံရေးရှိပါကြောင်း၊ လွတ်လပ်ရေး ရပြီးချိန်မှစတင်၍ ခေါင်းဆောင်များ တည်ဆောက်ခဲ့သော   ကောင်းမွန် သည့်  မိတ်ဆွေနိုင်ငံဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း၍   ပိုမိုအရှိန် မြှင့်တင်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့်      တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က ယနေ့နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌   ပါကစ္စတန် ရေတပ်ဦးစီးချုပ်    ဗိုလ်ချုပ်ကြီး မူဟာမက်ဇာကော်လာအဲန်အိုင်အား လက်ခံတွေ့ဆုံရာတွင်   ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ    ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်   (ကြည်း) ဒုတိယ    ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ   တက်ရောက်ကြပြီး  ပါကစ္စတန်ရေတပ်ဦးစီးချုပ်နှင့်အတူ  မြန်မာနိုင်ငံဆိုင်ရာ     ပါကစ္စတန် သံအမတ်ကြီး   H.E.  Mr. Ehsan  Ullah  Baath၊    စစ်သံမှူးနှင့် တာဝန်ရှိသူများ  တက်ရောက်ကြ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပါကစ္စတန်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား  ဆက်ဆံရေးအပေါ်  အလေးအနက် ထားမှုနှင့်  အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင် လိုသော သဘောထားအပေါ် ကြိုဆို  ဝမ်းမြောက်ပါကြောင်း၊  မြန်မာနိုင်ငံ သည် အခြားနိုင်ငံများနှင့် အာဆီယံ အကြား ဆက်စပ်ပေါင်းကူးပေးသော နိုင်ငံဖြစ်၍ ပါကစ္စတန်နှင့် အာဆီယံ အကြား       ပိုမိုချစ်ကြည်ပူးပေါင်း ဆောင်ရွက်နိုင်ရေး ထောက်ခံကူညီ ဆောင်ရွက်ပေးလျက်   ရှိကြောင်း၊ မြန်မာ-ပါကစ္စတန်      သာမက ပါကစ္စတန်-အာဆီယံ    ပူးပေါင်း ဆောင်ရွက်မှုပိုမိုမြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊  တပ်မတော် နှစ်ရပ်အကြား ရေတပ်ပိုင်းဆိုင်ရာ တွင်သာမက အခြားသော ကဏ္ဍများ နှင့် တစ်ကမ္ဘာလုံးအပေါ် ခြိမ်းခြောက် နေသော  အကြမ်းဖက်နှိမ်နင်းရေး ကဏ္ဍများတွင်   အတွေ့အကြုံများ  ဖလှယ်၍ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြင့်    ဆွေးနွေး ပြောကြားသည်။
ဧည့်သည်တော်က     မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား     ဆက်ဆံရေးမှာ နက်ရှိုင်းစွာကောင်းမွန်သည့်အပြင် ပါကစ္စတန်နိုင်ငံတွင်    ပထမဆုံး ခန့်အပ်သည့် သံအမတ်ကြီးမှာလည်း မြန်မာနိုင်ငံ    သံအမတ်ကြီးပင် ဖြစ်ပါကြောင်း၊  ပါကစ္စတန်နိုင်ငံ လွတ်လပ်ရေးရပြီးစ နိုင်ငံတည်ငြိမ်မှု တည်ဆောက်ချိန်  မြန်မာနိုင်ငံ၏ ထောက်ခံကူညီမှုများအတွက် ကျေးဇူး တင်ရှိပါကြောင်း၊  ပါကစ္စတန်နိုင်ငံ အား အာဆီယံနှင့် ပူးပေါင်းဆောင် ရွက်နိုင်ရေး  ထောက်ခံအားပေးမှု အတွက်  ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံ  တပ်မတော်နှစ်ရပ်အကြား သာမက   နှစ်နိုင်ငံ  နိုင်ငံရေး၊ စီးပွားရေးတို့တွင်  အကန့်အသတ်မရှိ ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက်   နှစ်နိုင်ငံတပ်မတော် (ရေ)အကြား   ဆက်ဆံရေးအပြင် တပ်မတော် (ကြည်း၊လေ)ဆက်ဆံ ရေးများ   တိုးမြှင့်ဆောင်ရွက်ရေး၊ ချစ်ကြည်ရေးခရီးစဉ်များ   အပြန် အလှန်လည်ပတ်ရေးနှင့် သင်တန်း များ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
ပါကစ္စတန်    ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဟာမက်ဇာကော်လာ အဲန်အိုင်သည်  ပါကစ္စတန်ရေတပ် အကယ်ဒမီကျောင်းမှ အကောင်းဆုံး ကျောင်းသားဆုဖြင့် သင်တန်းဆင်း ခဲ့သူဖြစ်ကြောင်းနှင့် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလတွင် ပါကစ္စတန်ရေတပ် ၏  (၂ဝ)  ဦးမြောက်   ဗိုလ်ချုပ်ကြီး အဖြစ်    ရာထူးတိုးမြှင့်ခံခဲ့ရသူဖြစ် ကြောင်း သိရသည်။ 
     (မြဝတီ)'

(မြဝတီ)

No comments:

Post a Comment