Thursday, April 2, 2015

နိုင်ဂျီးရီးယားသမ္မတရွေးကောက်ပွဲ စစ်ဘက်ခေါင်းဆောင်ဟောင်း အတိုက်အခံပါတီအနိုင်ရ

'နိုင်ဂျီးရီးယားသမ္မတရွေးကောက်ပွဲ စစ်ဘက်ခေါင်းဆောင်ဟောင်း အတိုက်အခံပါတီအနိုင်ရ

လာဂို့စ်   ဧပြီ  ၁

နိုင်ဂျီးရီးယားသမ္မတရွေးကောက်ပွဲတွင်   မူဟမ္မာဒူဘူဟရီက   ၄င်း အနိုင်ရမှုသည်   အပြောင်းအလဲ အတွက် အောင်ပွဲဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံဖြစ်ကြောင်းကို   သက်သေပြ     နိုင်ခဲ့ပြီဖြစ်ကြောင်း  ချီးကျူးဟြေဆိုလိုက်သည်။
မစ္စတာဘူဟရီက ရာထူးမှဆင်း ပေးရတော့မည့်   သမ္မတဂွတ်လပ် ဂျိုနသန်အား  တန်ဖိုးရှိသော  ပြိုင်ဘက်ဖြစ်ကြောင်းလည်း   ချီးကျူးဟြေဆိုလိုက်သည်။  ဗိုလ်ချုပ် ဘူဟရီ သည်  မစ္စတာ ဂျိုနသန်အား ၁၅ ဒသမ ၄ သန်းတွင်  မဲပေါင်း ၁၃ ဒသမ ၃ သန်းဖြင့် အနိုင်ရလိုက်ခြင်း ဖြစ်သည်။ 
ရွေးကောက်ပွဲ   စောင့်ကြည့်     လေ့လာသူများက  အဆိုပါ  ရွေး ကောက်ပွဲကို    ယေဘုယျအားဖြင့် ချီးကျူးခဲ့ကြသော်လည်း မဲလိမ်သည်ဟု စွပ်စွဲမှုများရှိခဲ့သည်။
မစ္စတာဘူဟရီ၏ အေပီစီပါတီ သည်   နိုင်ဂျီးရီးယား   သမ္မတရွေးကောက်ပွဲတွင်   အနိုင်ရရှိသည့် ပထမဆုံးသော  အတိုက်အခံပါတီ ဖြစ်လာခဲ့သည်။
''သမ္မတဂျိုနသန်ဟာ  တန်ဖိုးရှိတဲ့ ပြိုင်ဘက်ဖြစ်ပါတယ်'' ဟု  စစ် ဘက်ခေါင်းဆောင်ဟောင်း  မစ္စတာ ဘူဟရီကဟြေသည်။   နိုင်ဂျီးရီးယား နိုင်ငံသည်  ၁၉၆ဝ ပြည့်နှစ်တွင် ဗြိတိန်နိုင်ငံမှ  လွတ်လပ်ရေးရခဲ့ပြီး အကြိမ် ပေါင်းများစွာ  အာဏာသိမ်း မှုဖြစ်ပွားခဲ့သည်။           

(ဘီဘီစီ)'

(ဘီဘီစီ)

No comments:

Post a Comment