Thursday, April 2, 2015

စံချိန်တင် ဂိုးသွင်းယူခဲ့တဲ့ ဖယ်ကာအို




မန်ယူမှာ ဂိုးသွင်းအားနည်းနေတဲ့ တိုက်စစ်မှူး ဖယ်ကာအိုဟာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ကိုတော့ စံချိန်တင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါပြီ။ ဖယ်ကာအိုဟာ ကိုလံဘီယာအသင်းက ကူဝိတ်ကို သုံးဂိုး-တစ်ဂိုးနဲ့အနိုင်ရတဲ့ ချစ်ကြည်ရေးပွဲမှာ စံချိန်တင်သွင်းယူခဲ့တာဖြစ်ပါတယ်။ မိုနာကိုမှ အငှား ခေါ်ယူထားတဲ့ မန်ယူတိုက်စစ်မှူး ဖယ်ကာအိုဟာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ၂၄ ဂိုးမြောက် သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ အရှေ့အလယ်ပိုင်းသို့ ကိုလံဘီယာအသင်း ချစ်ကြည်ရေးခရီးစဉ် အတွင်း တတိယမြောက်သွင်းယူခဲ့တဲ့ဂိုးလည်း ဖြစ်ပါတယ်။ ကြာသပတေးနေ့က ဘာရိန်းကို ကိုလံ ဘီယာအသင်းက ခြောက်ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာလည်း ဖယ်ကာအို နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ ပါတယ်။ အသက် ၂၉ နှစ်ရှိ ဖယ်ကာအိုဟာ ဒီနှစ်ရာသီမှာ မန်ယူအတွက် ၂၂ ပွဲမှာ လေးဂိုးပဲသွင်းယူ ပေးနိုင်ပါသေးတယ်။ ဖယ်ကာအိုကို မန်ယူက တစ်ပတ်ပေါင် ၂၆၅ဝဝဝ ပေးထားတာဖြစ်ပါတယ်။ ယခုနှစ်ရာသီကုန်မှာတော့ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ မန်ယူအနေနဲ့ ဖယ်ကာအိုကို အမြဲ တမ်း ကစားသမားအဖြစ် ခေါ်ယူမယ်ဆိုရင်တော့ ပေါင် ၄၃ ဒသမ ၅ သန်းပေးရမှာ ဖြစ်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment