Thursday, April 2, 2015

ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ၁၁၇ နှစ်တွင် ကွယ်လွန်

'ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ၁၁၇ နှစ်တွင် ကွယ်လွန်

အိုဆာကာ  ဧပြီ  ၁

ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည့်  ဂျပန်နိုင်ငံမှ မီဆာအို အိုကာဝါသည် အသက် ၁၁၇ နှစ်အရွယ်တွင် နှလုံး အားနည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
၎င်းကို  ၁၈၉၈ ခုနှစ် မတ် ၅ ရက်တွင် မွေးဖွားခဲ့ပြီး အိုဆာကာမြို့ လူအိုရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် သားသမီးသုံးဦး၊ မြေး လေးဦးနှင့် မြစ်ခြောက်ဦး ကျန်ရစ်ခဲ့သည်။
မစ္စအိုကာဝါအား  ၂ဝ၁၃ ခုနှစ်က ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးအဖြစ်လည်းကောင်း၊   ကမ္ဘာ့အသက် အကြီးဆုံးပုဂ္ဂိုလ်အဖြစ်လည်းကောင်း ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းစာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
မစ္စအိုကာဝါက မတ်လအစောပိုင်းတွင်ကျရောက်သော မွေးနေ့အခမ်းအနား၌ ၁၁၇ နှစ်ဆိုသည်မှာ ကြာသည်ဟု မထင်ရကြောင်း ဟြေကြားခဲ့သည်။
အသက်ရှည်ရခြင်း၏ အဓိကအကြောင်းအရင်းသည် ညပိုင်းတွင် အနည်းဆုံး ၈ နာရီအိပ်ပြီး ၄င်းနှစ်သက်ရာ ဆူရှီအစားအစာကို စားသောက်ခဲ့၍ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ 

(ဘီဘီစီ)'

(ဘီဘီစီ)

No comments:

Post a Comment