Wednesday, April 29, 2015

ပရဟိတအဓိပ္ပာယ်ကို တိတိကျကျမသိပေမယ့် သူတစ်ပါးကိုကူညီဆောင်ရွက်ပေးရတာကို ထိထိရောက်ရောက်လုပ်ကိုင်ပေးဖြစ်နေပါတယ် ဆိုတဲ့ အလှမယ် ခင်ဝင့်ဝါ





The Mirror Daily's photo.

''ပရဟိတရဲ့အနက်အဓိပ္ပာယ်ကို တိတိကျကျမသိပေမယ့်လည်း သူတစ်ပါးကိုကူညီ ဆောင်ရွက်ရတာ၊ ဒုက္ခရောက်နေတဲ့သူကို ကူညီလုပ်ကိုင်ပေးရတာတွေကိုတော့ ထိထိ ရောက်ရောက်လုပ်ဖြစ်နေပါတယ်''ဟု ဗီဒီယိုဇာတ်ကားများ မအားမလပ်ရိုက်ကူးနေရသည့် အလှမယ်ခင်ဝင့်ဝါက ပရဟိတလုပ်ငန်းနှင့်ပတ်သက်၍ သူ၏ခံယူချက်သဘောထားများကို ဖွင့်ဟပြောဆိုခဲ့သည်။

ပရဟိတလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေသူများနှင့် ပတ်သက်၍ အရှင် ဥာဏဒီပ(ဓမ္မရတနာ)က ''ပရဟိတလုပ်ကိုင်နေ သူများသည် သူတစ်ပါး အကျိုး ပြု လုပ်ငန်းများကို လုပ်ကိုင်ပေးနေသူများဖြစ်ကြသည်။ ထို့ကြောင့် တော်ရုံတန်ရုံစိတ်ဓာတ်ဖြင့် မဖြစ်နိုင်ပေ။ အဘယ့်ကြောင့် ဆိုသော် ပရဟိတလုပ်ငန်းလုပ်ကိုင်သူသည် ကာယကံအားဖြင့် လည်း အပင်ပန်းခံရသည်။ ဝစီကံအားဖြင့်လည်း အနားမနေရ။ မနောကံအားဖြင့်လည်း စီစဉ်နေရ သည်။ လူအားကိုလည်းရင်းနှီးရသည်။ အချိန်အားကို စိုက်ထုတ်ရသည့် အပြင် တစ်ခါတစ်ရံ ငွေအားကိုပါ အကုန်ကျခံရသေးသည်။ ထို့အပြင် ပတ်ဝန်းကျင်မှ ဝေဖန် ပင်ခံရတတ်သေးသည်။
ထိုသို့သောအဆင့်များစွာကို ကျော်ဖြတ် နိုင်မှသာလျှင် ပရဟိတလုပ်ကိုင်နိုင်သောအဆင့်သို့ ရောက်ရှိရ သည်''ဟု မိန့်ကြားတော်မူခဲ့သည်။

ပရဟိတလှုပ်ရှားမှုများနှင့်ပတ်သက်၍ အလှမယ်ခင်ဝင့်ဝါက-
''ညီမက သူများကိုကူညီပေးရတာ ငယ်ငယ်ကတည်းက ဝါသနာပါတာပါ။ အနုပညာလောကထဲမဝင်ခင်ကတည်းက ပရဟိတလုပ်ငန်းတွေလုပ်ဖြစ်နေတယ်။ အလှမယ်ဝင်ပြိုင်ပြီး အနု ပညာအသိုင်းအဝိုင်းထဲ ရောက်လာတော့ ဦးကျော်သူရဲ့ နာရေးကူညီမှု အသင်းထဲဝင်ပြီး အသင်းဝင်အဖြစ် ပါဝင်လှုပ်ရှားဆောင်ရွက်ဖြစ်ပါတယ်။ မင်းဘူးက နာရေးကူညီမှုအသင်းဖွင့်ပွဲသွားပြီးတော့ ပါဝင်ဆောင်ရွက်တာတွေလုပ်တယ်။ မိဘမဲ့ဂေဟာတွေမှာ သွားလှူတာတွေလုပ်ဖြစ် နေ ပါတယ်''ဟု ပြောပြခဲ့သည်။

ဆက်လက်၍ နီပေါတွင်ပြင်းထန်စွာငလျင်လှုပ်ပြီးလူပေါင်းများစွာသေကြေပျက်စီးခဲ့ရခြင်းနှင့်ပတ်သက်၍သူ့အနေဖြင့်-
''သူတို့အတွက်အလွန်ပဲကရုဏာသက်မိပါတယ်။ လူသားချင်းစာနာတဲ့အနေနဲ့ ဒုက္ခရောက်နေတဲ့သူကို ကူညီပေးချင်တာ။ မြန်မာလူမျိုးတွေက သနားတတ်ပြီး ကြင်နာတတ်တယ်။ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး အစွမ်းကုန်ကူညီချင်ပါတယ်။ တကယ်လို့ လုပ်ပေး နိုင်တဲ့ ဠသူကညအနနမ တစ်ယောက်ယောက်က အလှူငွေတွေကောက်ခံပြီး ဒုက္ခ ဖြစ်နေတဲ့နေရာတွေဆီ သွားရောက် လှူဒါန်း ပေးနိုင်မယ်ဆိုရင်တော့ အလွန်ပဲ ကောင်းမွန်မှာပါ''ဟု သူ၏ဆန္ဒကို ပြောပြခဲ့သည်။

ယခုလက်ရှိ အလှမယ်၊ မင်းသမီးခင်ဝင့်ဝါသည် အဆိုတော်လွှမ်းပိုင်၊ သူရိယတို့နှင့် တွဲဖက်၍ ''ဂျာကင်အဟောင်းလေး''အမည်ရသည့် ဗီဒီယိုဇာတ်ကားကို ရိုက်ကူးလျက်ရှိ ကြောင်း သိရသည်။
စန္ဒာဝင်း

No comments:

Post a Comment