Thursday, April 2, 2015

လုံခြုံရေး၊ လူအခွင့်အရေးနှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေး

'လုံခြုံရေး၊ လူအခွင့်အရေးနှင့် လွတ်လပ်ပြီး တရားမျှတသော
ရွေးကောက်ပွဲကျင်းပနိုင်ရေး နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေး
=========================================

နေပြည်တော်    ဧပြီ    ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည်    အမေရိကန်ကွန်ဂရက်ရှိ လူနည်းစုခေါင်းဆောင်    အောက် လွှတ်တော်အမတ် မစ္စ နန်စီ ပီလိုစီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား   ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ  နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ်  နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး  ပြုပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး   လုံခြုံရေး၊ လူအခွင့် အရေးနှင့် လွတ်လပ်ပြီး တရားမျှတ သောရွေးကောက်ပွဲ ကျင်းပနိုင်ရေး တို့ကို    နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတနှင့်အတူ  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးရဲထွဋ်၊ ဒုတိယဝန်ကြီး    ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  အောက်လွှတ်တော်အမတ်ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ    အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချယ် လည်း တက်ရောက်သည်။
နိုင်ငံတော်သမ္မတ    အနေဖြင့် အမေရိကန်  အောက်လွှတ်တော် အမတ် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ၄င်းတို့၏ အာရှ (၅)နိုင်ငံခရီးစဉ်အတွင်း  မြန်မာနိုင်ငံ သို့ရောက်ရှိစဉ် လက်ခံတွေ့ဆုံခဲ့ ခြင်းဖြစ်သည်။        

(သတင်းစဉ်)' 

(သတင်းစဉ်)

No comments:

Post a Comment