Thursday, April 2, 2015

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး



နေပြည်တော် ဧပြီ ၁


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရား မက်ဆီမာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းရှိန်၊ ဦးရဲထွဋ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရား နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီးလည်း တက် ရောက်သည်။
ထိုသို့တွေ့ဆုံစဉ် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လျှပ်စစ်မီးရရှိရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား ငွေရေး ကြေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီး ဆုံးဖြစ်သော ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment