Wednesday, April 29, 2015

ဂွာဒီယိုလာရဲ့ ဖလားသုံးလုံး အိပ်မက်




ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယို လာက ဒီနှစ်ရာသီမှာ ဖလားသုံးလုံး ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားတယ် လို့ ဆိုပါတယ်။ သူ့ရဲ့ မျှော်လင့်ချက် အိပ်မက်ကတော့ စတင်အကောင် အထည်ဖော်ပြီလို့ ဆိုရမှာပါ။ ဝုဖ် ဘတ်က မွန်ချန်ကလာဘတ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်သွားတဲ့အတွက် ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီ မကုန်မီမှာ ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးသွားခဲ့ပါပြီ။ ဘိုင်ယန်မြူးနစ် ရဲ့ ဖလားဆွတ်ခူးနိုင်မှုဟာ သုံးနှစ် ဆက်တိုက် ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး (၂၅)ကြိမ်မြောက် ဘွန်ဒက်စ်လီဂါ ဖလားဆွတ်ခူးခြင်းလည်း ဖြစ်ပါ တယ်။ ဒီဖလားကတော့ ဂွာဒီယိုလာ ရဲ့ ဖလားသုံးလုံးအိပ်မက်ထဲက တစ် လုံးပါ။ ချန်ပီယံလိဂ်နဲ့ ဂျာမန်ပိုကယ် ဖလားတွေကိုလည်း ဆွတ်ခူးဖို့ ရှိနေ ပါသေးတယ်။
ယခုအခါမှာတော့ ချန်ပီယံလိဂ် နဲ့ ဂျာမန်ပိုကယ်ဖလား ဆီမီးအဆင့် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘိုင် ယန်မြူးနစ်အသင်းဟာ ပြိုင်ဘက် ဒေါ့မွန်ကို အနိုင်ယူပြီး ဂျာမန်ဖလား ဗိုလ်လုပွဲ တက်ရောက်သွားနိုင်ပါ တယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ဖလားကိုလည်း သုံးနှစ်ဆက် တိုက် ဗိုလ်စွဲနိုင်ဖို့ မျှော်လင့်ထားပါ တယ်။ ဘာစီလိုနာနဲ့ မေလမှာတော့ ချန်ပီယံလိဂ်အကြို ဗိုလ်လုပွဲကစား ရမှာဖြစ်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment