Wednesday, April 29, 2015

ကွတ်ခိုင်မြို့နယ်တွင် ဘိန်းဖြူ ၁ ဒသမ ၂၃၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ဖမ်းဆီးရမိ



 

နေပြည်တော် ဧပြီ ၂၈
ဧပြီ ၂၆ ရက်က မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ရှောင်လမ်း အေးရှားဝေါလ် တိုးဂိတ်အနီးတွင် ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာမှ လားရှိုးမြို့ဘက်သို့ အောင်နိုင်ထွန်း(ခ) အောင်သူ မောင်း နှင်လာသော ယာဉ်အမှတ် MDY 8H------ SUPER CUSTOM ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်၏ ဂီယာတံအောက် အံဝှက်အတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ပြီး ပလတ် စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ နှင့် ယာဉ်နောက်ခန်း အခင်းအောက်မှ ဘိန်းဖြူရောင်စုံဆပ်ပြာခွက် ၉၅ ခွက်၊ စုစုပေါင်းဘိန်းဖြူ အလေးချိန် ၁ ဒသမ ၂၃၅ ကီလိုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိသဖြင့် အောင်နိုင်ထွန်း (ခ) အောင်သူ (၃၁နှစ်) ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
ကိုရဲ

No comments:

Post a Comment