Wednesday, April 29, 2015

မြန်မာယူ-၂ဝ အသင်းနှင့် ဟန်ဂေရီယူ-၂ဝ အသင်းတို့ ယနေ့ ခြေစမ်းမည်

 
 
 Myanmaalinn's photo.
 
ရန်ကုန် ဧပြီ ၂၈
ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိထားသည့် မြန်မာယူ-၂ဝ အသင်းနှင့် ဟန်ဂေရီယူ-၂ဝ အသင်းတို့သည် ဧပြီ ၂၉ ရက် (ယနေ့)ညပိုင်းတွင် ဟန်ဂေရီနိုင်ငံ၌ ခြေစမ်းကစားမည်ဖြစ်သည်။
ဥရောပနိုင်ငံများတွင် သွား ရောက်လေ့ကျင့်နေသည့် မြန်မာ ယူ-၂ဝအသင်းမှာ ဟန်ဂေရီအသင်း နှင့်ခြေစမ်းရန် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် ဟန်ဂေရီဘောလုံး အဖွဲ့ ချုပ်တို့ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ ဟန်ဂေရီ ယူ-၂ဝ အသင်းမှာ ဥရောပဇုန်မှ ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ယှဉ်ပြိုင်ခွင့်ရထားသည့် အသင်းဖြစ်ပြီး မြန်မာယူ-၂ဝ အသင်း မှာ ဆားဘီးယားအသင်းပြီးနောက် ဒုတိယမြောက် ဥရောပအသင်း တစ်သင်းနှင့် ခြေစမ်းခွင့်ရရှိခဲ့ခြင်းဖြစ် သည်။
မြန်မာယူ-၂ဝအသင်းသည် မတ် လ စတုတ္ထပတ်ကတည်းက ဥရောပ နိုင်ငံများတွင် သွားရောက်လေ့ကျင့် နေခြင်းဖြစ်ပြီး ဆားဘီးယား၊ မက်ဆီ ဒိုနီးယား၊ ဆလိုဗေးနီးယားနိုင်ငံတို့ တွင် လေ့ကျင့်မှုများပြုလုပ်ပြီးနောက် နောက်ဆုံးနိုင်ငံအဖြစ် ဟန်ဂေရီနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။ မြန်မာယူ-၂ဝ အသင်းသည် ဆားဘီးယားနိုင်ငံတွင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိထားသည့် ဆားဘီးယားယူ-၂ဝ အသင်းနှင့် ခြေစမ်း ပွဲနှစ်ပွဲကစားခဲ့ရာ နှစ်ပွဲစလုံးဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ မြန်မာယူ-၂ဝ အသင်းသည် ထပ်မံသွားရောက်ခဲ့သော မက်ဆီဒိုးနီးယား၊ ဂျာမနီနှင့် ဆလိုဗေးနီးယားနိုင်ငံ တို့တွင် သက်ဆိုင်ရာ ပထမတန်းမှ စတုတ္ထတန်းကလပ် အသင်းများနှင့် ခြေစမ်း ပွဲများ ကစားထားသည်။
မြန်မာယူ-၂ဝ အသင်းသည် ဟန်ဂေရီအသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
မြန်မာယူ-၂ဝ အသင်းသည် ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပမည့် နယူးဇီလန် နိုင်ငံသို့မသွားရောက်မီ သြစတြေးလျနိုင်ငံတွင် သွားရောက်လေ့ကျင့်ဦး မည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

No comments:

Post a Comment