Thursday, April 2, 2015

နိုင်ဂျီးရီးယား၏ သမိုင်းဝင်ရွေးကောက်ပွဲ၌ စစ်ဘက်ခေါင်းဆောင်ဟောင်း ဘူဟာရီ အောင်ပွဲခံ


'နိုင်ဂျီးရီးယား၏ သမိုင်းဝင်ရွေးကောက်ပွဲ၌ စစ်ဘက်ခေါင်းဆောင်ဟောင်း ဘူဟာရီ အောင်ပွဲခံ
===============================================

အဘူဂျာ    ဧပြီ    ၁

နိုင်ဂျီးရီးယားနိုင်ငံ၌ ကျင်းပသော ရွေးကောက်ပွဲတွင် စစ်ဘက်ခေါင်း ဆောင်ဟောင်း မိုဟာမက်ဒူဘူဟာရီ က လက်ရှိသမ္မတ ဂွတ်လပ်ဂျိုနသန် အား အနိုင်ရရှိပြီး သမ္မတသစ်အဖြစ် ရွေးချယ်   တင်မြှောက်ခံရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ရွေးကောက်ပွဲတွင်   အတိုက်အခံ ခေါင်းဆောင် ဘူဟာရီက ၄င်း၏ပြိုင်ဘက် သမ္မတ ဂျိုနသန်ထက် မဲ ၂ ဒသမ ၇ သန်း ပိုမိုရရှိခဲ့သည်။ ဘူဟာရီသည် နိုင်ဂျီးရီးယားနိုင်ငံ၏ ပြည်နယ်ပေါင်း ၂၄ ခုတွင် မဲအရေ အတွက်၏  ၂၅  ရာခိုင်နှုန်းကျော်ကို ရရှိခဲ့သည်။
အာဖရိကတိုက်၌ လူဦးရေ အများ ဆုံးနိုင်ငံဖြစ်သော နိုင်ဂျီးရီးယားနိုင်ငံ၌ ပထမဆုံးအကြိမ်     ဒီမိုကရေစီ နည်းလမ်းနှင့်အညီ အာဏာလွှဲပြောင်း ပေးရန် လမ်းပွင့်သွားပြီဖြစ်သည်။
စစ်ဘက်အာဏာသိမ်းပွဲတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက်  ဆယ်စုနှစ်သုံးခု ကြာကာလတွင်   အတိုက်အခံ ခေါင်းဆောင်တစ်ဦးက လက်ရှိသမ္မတ တစ်ဦးကို သမိုင်းဝင်ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့ခြင်းဖြစ် သည်။

ဘူဟာရီသည်  ကြည်းတပ်ဗိုလ် ချုပ်ဟောင်း တစ်ဦးဖြစ်ပြီး အသက် (၇၂)နှစ်ရှိပြီဖြစ်သည်။    ၄င်းသည် ၁၉၈ဝ ပြည့်လွန်နှစ်များက စစ်အစိုးရ အဖွဲ့တစ်ရပ်ကို   ဦးဆောင်ခဲ့သူဖြစ် သော်လည်း ယခုအခါ ဒီမိုကရက် တစ်ဦးအဖြစ်     ၄င်းကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားသည်။ ဘူဟာရီ သည် ၁၉၈၄ ခုနှစ် ဇန်နဝါရီလမှ ၁၉၈၅ သြဂုတ်လအထိ နိုင်ဂျီးရီးယား နိုင်ငံကို အုပ်စိုးခဲ့သည်။

ဘူဟာရီသည်   အားလုံးတိုးတက် ရေး ဝါဒီကွန်ဂရက်ပါတီ (  အေပီစီ)၏ ခေါင်းဆောင်ဖြစ်ပြီး အဂတိလိုက်စား မှု တိုက်ဖျက်ရေး   ကြွေးကြော်ခဲ့သဖြင့် ရွေးကောက်ပွဲဝင်ခဲ့သည်။
လက်ရှိသမ္မတ     ဂျိုနသန်မှာမူ ပြည်သူ့ ဒီမိုကရက်တစ်ပါတီ (ပီဒီပီ)၏ ခေါင်းဆောင်ဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ်ကို   လေးစားလိုက်နာပါမည်ဟု လွန်ခဲ့သည့် ရက်သတ္တပတ်က သဘော တူညီခဲ့သည်။             ရိုက်တာ။' 


အဘူဂျာ ဧပြီ ၁
နိုင်ဂျီးရီးယားနိုင်ငံ၌ ကျင်းပသော ရွေးကောက်ပွဲတွင် စစ်ဘက်ခေါင်း ဆောင်ဟောင်း မိုဟာမက်ဒူဘူဟာရီ က လက်ရှိသမ္မတ ဂွတ်လပ်ဂျိုနသန် အား အနိုင်ရရှိပြီး သမ္မတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခံရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် ဘူဟာရီက ၄င်း၏ပြိုင်ဘက် သမ္မတ ဂျိုနသန်ထက် မဲ ၂ ဒသမ ၇ သန်း ပိုမိုရရှိခဲ့သည်။ ဘူဟာရီသည် နိုင်ဂျီးရီးယားနိုင်ငံ၏ ပြည်နယ်ပေါင်း ၂၄ ခုတွင် မဲအရေ အတွက်၏ ၂၅ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့သည်။
အာဖရိကတိုက်၌ လူဦးရေ အများ ဆုံးနိုင်ငံဖြစ်သော နိုင်ဂျီးရီးယားနိုင်ငံ၌ ပထမဆုံးအကြိမ် ဒီမိုကရေစီ နည်းလမ်းနှင့်အညီ အာဏာလွှဲပြောင်း ပေးရန် လမ်းပွင့်သွားပြီဖြစ်သည်။
စစ်ဘက်အာဏာသိမ်းပွဲတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် ဆယ်စုနှစ်သုံးခု ကြာကာလတွင် အတိုက်အခံ ခေါင်းဆောင်တစ်ဦးက လက်ရှိသမ္မတ တစ်ဦးကို သမိုင်းဝင်ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့ခြင်းဖြစ် သည်။

ဘူဟာရီသည် ကြည်းတပ်ဗိုလ် ချုပ်ဟောင်း တစ်ဦးဖြစ်ပြီး အသက် (၇၂)နှစ်ရှိပြီဖြစ်သည်။ ၄င်းသည် ၁၉၈ဝ ပြည့်လွန်နှစ်များက စစ်အစိုးရ အဖွဲ့တစ်ရပ်ကို ဦးဆောင်ခဲ့သူဖြစ် သော်လည်း ယခုအခါ ဒီမိုကရက် တစ်ဦးအဖြစ် ၄င်းကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားသည်။ ဘူဟာရီ သည် ၁၉၈၄ ခုနှစ် ဇန်နဝါရီလမှ ၁၉၈၅ သြဂုတ်လအထိ နိုင်ဂျီးရီးယား နိုင်ငံကို အုပ်စိုးခဲ့သည်။
ဘူဟာရီသည် အားလုံးတိုးတက် ရေး ဝါဒီကွန်ဂရက်ပါတီ ( အေပီစီ)၏ ခေါင်းဆောင်ဖြစ်ပြီး အဂတိလိုက်စား မှု တိုက်ဖျက်ရေး ကြွေးကြော်ခဲ့သဖြင့် ရွေးကောက်ပွဲဝင်ခဲ့သည်။
လက်ရှိသမ္မတ ဂျိုနသန်မှာမူ ပြည်သူ့ ဒီမိုကရက်တစ်ပါတီ (ပီဒီပီ)၏ ခေါင်းဆောင်ဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာပါမည်ဟု လွန်ခဲ့သည့် ရက်သတ္တပတ်က သဘော တူညီခဲ့သည်။ ရိုက်တာ။

No comments:

Post a Comment