Thursday, April 2, 2015

တောင်ကိုရီးယား ကူးတို့သင်္ဘောနစ်မြုပ်မှုတွင် သေဆုံးခဲ့သည့် ကျောင်းသားများအတွက် နစ်နာကြေးပေးမည်



ဆိုးလ် ဧပြီ ၁
တောင်ကိုရီးယား အစိုးရက လွန်ခဲ့သည့်နှစ်တွင် ကူးတို့သင်္ဘော နစ်မြုပ်မှုကြောင့် သေဆုံးသွားသည့် ကျောင်းသား ၂၅ဝ ခန့်နှင့် ပျောက်ဆုံး နေဆဲ ကျောင်းသားများအတွက် နစ်နာကြေးအဖြစ် ဝမ် သန်း ၄၂ဝ ပေးအပ်သွားမည်ဖြစ်ကြောင်း ဧပြီ ၁ ရက်တွင် ထုတ်ဖော်ပြောကြား သည်။ ယင်းမှာ ကျန်ရစ်သူမိသားစု ဝင်များအတွက် ပထမဆုံးအကြိမ် ထောက်ပံ့ပေးအပ်မည့် အစီအစဉ်ဖြစ် သည်။
သင်္ဘောနစ်မြုပ်မှုတွင် သေဆုံးသွား သည့် ကျောင်းဆရာ ၁၁ ဦး၏ မိသား စုများမှာ ဝမ် သန်း ၇၆ဝ ရရှိမည်ဖြစ် ပြီး ယင်းသို့ လျော်ကြေးပမာဏများပြား ရခြင်းမှာ၎င်းတို့၏ ဝင်ငွေနစ်နာ ဆုံးရှုံးမှုများကိုပါ ထည့်သွင်းတွက်ချက် ထားသောကြောင့်ဖြစ်ကြောင်း သမုဒ္ဒ ရာများနှင့် ရေလုပ်ငန်းဝန်ကြီးဌာန က ပြောကြားသည်။ အခြားခရီးသည် များမှာ ဝမ် သန်း ၁၅ဝနှင့် သန်း ၆ဝဝ ကြာတွင်ရရှိမည်ဖြစ်သည်။ သေဆုံးသူ များ၏ အသက်နှင့် ဝင်ငွေအပေါ် မူတည်၍ လျော်ကြေးရရှိမည်ဖြစ် သည်။
နစ်မြုပ်သွားသည့် ဆီဝိုလ်ကူးတို့ သင်္ဘောပေါ်တွင် ခရီးသည် ၄၇၆ ဦးအနက် သုံးပုံနှစ်ပုံမှာ ကျောင်းသား ကျောင်းသူလေးများ ဖြစ်ကြသည်။ သေဆုံးသူအများစုမှာ သင်္ဘော အမှုထမ်းများက သင်္ဘောပေါ်ရှိ အခန်းငယ်များတွင်သာနေရန် ညွှန် ကြားခဲ့ခြင်းကြောင့် သင်္ဘောတိမ်း မှောက်နစ်မြုပ်သည့်အခါ ပိတ်မိ သေဆုံးခဲ့ကြရခြင်းဖြစ်သည်။ သင်္ဘော နစ်မြုပ်မှုသည် လွန်ခဲ့သည့်နှစ် ဧပြီ ၁၆ ရက်ကဖြစ်သည်။
သမုဒ္ဒရာများနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက လျော်ကြေးပေးမည့် ကော်မတီသည် သေဆုံး သို့မဟုတ် ပျောက်ဆုံးနေသည့် ကျောင်းသားများ ၏ မိသားစုများအတွက် ဝမ် ၄၂၅ ဒသမ ၈ သန်း ပေးအပ်သွားမည်ဖြစ်ပြီး ကျောင်းသားတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃၈ဝဝဝဝ ခန့်ရရှိမည်ဟု ဆိုသည်။
ရိုက်တာ။

No comments:

Post a Comment