Wednesday, April 29, 2015

ဒုတိယကမ္ဘာစစ်အောင်ပွဲ စစ်ရေးပြအခမ်းအနားတွင် အာမာတာ-၁၄ မျိုးဆက်သစ်တင့်ကား ရုရှားပြသမည်




The Mirror Daily's photo.


မော်စကို ဧပြီ ၂၈


အာမာတာ-၁၄ ဟု အမည်ပေး ထားသည့် မျိုးဆက်သစ်တိုက်ပွဲဝင် တင့်ကားသစ်အား ယခုနှစ် မေ ၉ ရက်တွင် ရုရှားနိုင်ငံ၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း နှစ် (၇ဝ) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနား၌ ထုတ်ဖော်ပြသမည် ဖြစ်ကြောင်း ယနေ့ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ အဆိုပါစစ်ရေးပြ အခမ်းအနား၌ ရုရှား၏ စစ်လက်နက် စနစ်သစ်အချို့ကို ပြသရန်လည်း စီစဉ်ထားကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။

ဆိုဗီယက်ယူနီယံနှင့် မဟာမိတ်နိုင်ငံများက နာဇီ ဂျာမနီတပ်ဖွဲ့များ အပေါ် ၁၉၄၅ ခုနှစ်အတွင်းက အောင်ပွဲခံခဲ့ခြင်းအတွက် နှစ် (၇ဝ) မြောက် အထိမ်းအမှတ် အခမ်းအနားအဖြစ် စစ်ရေးပြအခမ်းအနား ကျင်းပမည်ဖြစ်သည်။

စစ်ရေးပြ အခမ်းအနားအတွက် ဝတ်စုံပြည့် အစမ်းလေ့ကျင့်ချိန်တွင် ရိုက်ကူးထားသော ဓာတ်ပုံများကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာတွင် ဒုံးလက်နက်တင် ယာဉ်များလည်း ပါဝင်သည်။
ရုရှားနှင့် ယူကရိန်းနိုင်ငံအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများကို အကြောင်းပြု၍ မော်စကို၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် (၇ဝ) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် အနောက်နိုင်ငံ ခေါင်းဆောင်များက ငြင်းဆန်ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ် အတွင်းက ဆိုဗီယက်ပြည်ထောင်စု၏ မဟာမိတ် ဟောင်းများဖြစ်ကြသော ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ရုရှားနှင့် ယူကရိန်းအကြား ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ယင်းအခမ်းအနားသို့တက်ရောက်ရန် သိသာထင်ရှားစွာ ငြင်းဆိုခဲ့ကြသည်။ ရုရှား နိုင်ငံအနေဖြင့်မူ နှစ်(၇ဝ)ပြည့် ဒုတိယ ကမ္ဘာစစ်အောင်နိုင်ခြင်းစစ်ရေးပြ အခမ်းအနားကို မော်စကိုမြို့ရှိ ရင်ပြင် အနီး၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် စီစဉ်ထားသည်။ ဘီဘီစီ။

No comments:

Post a Comment