Wednesday, April 29, 2015

ပက်ထရစ်နဲ့ ပြတ်စဲပြီး တစ်ပတ်အကြာ မိုင်လေဆိုင်းရပ်စ်နဲ့လီယမ်ဟမ်းစ်ဝေါ့သ်တို့တွဲနေ


The Mirror Daily's photo.


အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့မိုင်လေဆိုင်းရပ်စ်ဟာ ချစ်သူပက် ထရစ်နဲ့လမ်းခွဲပြီးနောက်တစ်နေ့မှာပဲသူ့ရဲ့ယခင်ငွေကြေးစီမံခန့်ခွဲသူဟောင်း လီယမ်ဟမ်းစ်ဝေါ့သ်နှင့်အတူ ရှိခဲ့ပါတယ်။

ဟမ်းစ်ဝေါ့က အစကတည်းကမိုင်လေကိုချစ်ခဲ့သူဖြစ်ပြီး သူတို့နှစ်ဦးကြား မှာမပြီးပြတ်တဲ့အလုပ်ကိစ္စတွေကလည်း သူတို့ကိုပိုပြီးနီးစပ်အောင်ဖန်တီး ထားခဲ့သလိုဖြစ်စေခဲ့ပါတယ်။

နယူးယောက်ဒေးလီးမှာ ''လီယမ်ကအခုလက်ရှိမှာ တစ်ကိုယ်တည်းသမား ဖြစ်နေပြီး သူကမိုင်လေကိုအမြဲချစ်နေခဲ့တဲ့သူလည်းဖြစ်တယ်။ ပြီးခဲ့တဲ့ တစ်ပတ်လုံး သူကမိုင်လေအနားမှာပဲရှိနေခဲ့တယ်''လို့ဖော်ပြခဲ့ပါတယ်။

မိုင်လေဆိုင်းရပ်စ်ဟာ ပက်ထရစ်နဲ့လမ်းခွဲပြီးနောက်တစ်ယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်ရှိနေခဲ့ချိန်မှာလီယမ်ကနှစ်သိမ့်ပေးခဲ့တာဖြစ်ပါတယ်။ မိုင်လေအနေနဲ့ပက်ထရစ်နဲ့ငါးလလောက်တွဲနေခဲ့ပြီး ပက်ထရစ်ရဲ့ခြေလှမ်းသစ် တွေကြောင့်လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Peopleမှာဖော်ပြထားတာကတော့ပက်ထရစ်ကအခုမှကောလိပ်တက်နေဆဲကျောင်းသားဖြစ်ပြီး မိုင်လေက ဂီတကိစ္စတွေနဲ့ပဲအချိန်ကုန်နေတော့ တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်ကြဘဲလမ်းခွဲတယ်ဆိုတာထက် လုံးဝကို အပြီးသတ်သွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အခုအခါပက်ထရစ်ကသူရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ''ဘယ်လိုမှအိပ်မရဘူး''လို့ ရေးခဲ့တော့ . . .
မေလဲ့သင်း

No comments:

Post a Comment