Wednesday, April 29, 2015

မြန်မာ့ပင်လယ်ပြင်ငါးထုထည်ပမာဏတိုင်းတာ ဆောင်ရွက်မည့် သုတေသနရေယာဉ်ရောက်ရှိ




နေပြည်တော် ဧပြီ ၂၈

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးသည် ဧပြီ ၂၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ နန်းသီတာဆိပ်ကမ်း၌ ရောက်ရှိနေသော နော်ဝေနိုင်ငံအစိုးရ၏အကူအညီဖြင့် မြန်မာနိုင်ငံ၏ပိုင်နက် ပင်လယ်အတွင်း ငါးသယံဇာတ ထုထည်ပမာဏတိုင်းတာရန် သုတေသနရေယာဉ် Dr.Fridtjof Nansen ပေါ်တွင် သုတေသနလိုက်ပါဆောင်ရွက်မည့် နော်ဝေနိုင်ငံမှပညာရှင် များ၊ မြန်မာ နိုင်ငံမှလိုက်ပါမည့် ငါးလုပ်ငန်းဦးစီးဌာန ရန်ကုန်၊ မြိတ်၊ မော်လမြိုင် တက္ကသိုလ်များမှနည်းပြများ၊ တပ်မတော်ရေယာဉ်မှ လိုက်ပါ မည့် အရာရှိများအား တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါညစာစားပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံရုံးမှ သံ အမတ်ကြီး Madam Ann Ollestad ၊ မြန်မာနိုင်ငံဆိုင်ရာ FAO ကိုယ်စား လှယ်ရုံးမှ Mr.Giuseppe Romalli ၊ နော်ဝေသုတေသနရေယာဉ်မှ ပညာရှင်အဖွဲ့ ခေါင်းဆောင် Dr.Jens-Otto Krakstad တို့မှ ဂုဏ်ပြုအမှာ စကားပြောကြား ပြီး သုတေသနရေယာဉ်နှင့်ပတ်သက်သောအချက် အလက်များ၊ မြန်မာ့ပင်လယ်ပြင်တွင် ငါးထုထည်ပမာဏ တိုင်းတာ ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

အဆိုပါသုတေသနရေယာဉ်သည် မြန်မာ့ပိုင်နက်ရေပြင်အတွင်း ၁၉၇၉ ခုနှစ်တွင် ပထမအကြိမ်တိုင်းတာခဲ့ပြီး ၁၉၈ဝ ပြည့်နှစ်တွင် ဒုတိယ အကြိမ် အဖြစ်လည်းကောင်း၊ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလတွင် တတိယ အကြိမ်အဖြစ်လည်းကောင်း တိုင်းတာဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယခု စတုတ္ထအကြိမ်အဖြစ် ၂ဝ၁၅ ခုနှစ် ဧပြီ ၂၈ မှ ဇွန် ၂၁ ရက်အထိ ၅၅ ရက်ကြာ သုတေသနလုပ်ငန်း များအား မြန်မာပိုင်နက်ရေပြင်မှ သီးသန့် စီးပွားရေးဇုန်အထိ ငါးထုထည် ပမာဏတိုင်းတာဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment