နေပြည်တော် ဧပြီ ၂၈
၂ဝ၁၅ ခုနှစ် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုလုပ်ငန်းကို ဧပြီ ၁ ရက်မှ မေ
၁၅ ရက်အထိ လှုပ်ရှား ဆောင်ရွက်လျက်ရှိရာ နေပြည်တော် ပညာရေးတာဝန်ခံ
နေပြည်တော် ကောင်စီဝင် ဦးဖုန်းဇော်ဟန်နှင့် နေပြည်တော်ကောင်စီဝင်
ဗိုလ်မှူးကြီး မြင့်အောင်သန်းတို့သည် တာဝန်ရှိသူ များနှင့်အတူ ဧပြီ ၂၇ ရက်
မွန်းလွဲပိုင်း က ပျဉ်းမနားမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း
လမ်းပန်းဆက်သွယ် ရေးခက်ခဲသည့် ကရင်တိုင်းရင်းသား အများစုနေထိုင်သော
ကျေးရွာများ ဖြစ်ကြသည့် သံပရဲ၊ ဆိတ်ဖူးတောင်၊ လက်ဖက်တောင်၊ အောင်ဘိသိတ်၊
ဘို့မသံတောင်နှင့် နန်းလွန်ဆန်း စသည့် ကျေးရွာများသို့ သွားရောက်၍
စာသင်ကြားပေးနေမှုအခြေအနေများ ကို ကြည့်ရှုအားပေးပြီး စာရေးကိရိယာ များနှင့်
သင်ကြားပို့ချပေးနေကြသည့် မိတ္ထီလာတက္ကသိုလ်မှ ကျောင်းသား
ကျောင်းသူများအား အမှတ်တရလက် ဆောင်ပစ္စည်းများ ပေးအပ်သည်။
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၏ ၂ဝ၁၅ ခုနှစ် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု လုပ်ငန်းကို ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၇ အုပ်စုမှ ကျေးရွာ ၄၂ ရွာ၌ စာသင်ဝိုင်း ၆၅ ဝိုင်းဖြင့် စာသင်သားဦးရေ ၆၅၇ ဦးကို မိတ္ထီလာ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၆၅ ဦး၊ အုပ်ချုပ်ကြီးကြပ်သူ ခုနှစ်ဦး စုစုပေါင်း ၇၂ ဦးတို့က သင်ကြားပေး လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပျဉ်းမနား)

No comments:
Post a Comment