Wednesday, April 29, 2015

အေးရှားဝင်း လေကြောင်းလိုင်းက နေပြည်တော်-ရန်ကုန်ခရီးစဉ်ကို မေ ၈ ရက်မှစ၍ အပတ်စဉ်ပြေးဆွဲမည်





The Mirror Daily's photo.


ရန်ကုန် ဧပြီ ၂၈

မြန်မာနိုင်ငံတွင် ပြောင်းလဲလာသော စီးပွားရေးစနစ်များနှင့်အတူ လေကြောင်းလိုင်းလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
ယခု ပြည်တွင်းလေကြောင်းလိုင်းများဖြစ်ကြသော မြန်မာအမျိုးသားလေကြောင်းလိုင်း၊ အဲမန္တလေး၊ အဲပုဂံ၊ အေးရှားဝင်း၊ ရန်ကုန်အဲဝေး၊ အဲကမ္ဘောဇ၊ ရွှေမြန်မာလေကြောင်းလိုင်း၊ အက်ဖ်အမ်အိုင်လေကြောင်းလိုင်း၊ မန်းရတနာပုံ၊ အေပက်လေကြောင်းလိုင်း စသည်ဖြင့် လေကြောင်းလိုင်း ၁ဝ လိုင်းအထိ ရှိလာပြီဖြစ်သည်။

Asian Wings Airways လေကြောင်းလိုင်းအနေဖြင့် ATR 72-500 အမျိုးအစားလေယာဉ်သုံးစင်းဖြင့် ပြည်တွင်းခရီးစဉ်များဖြစ်သော ညောင်ဦး၊ ဟဲဟိုး၊ မန္တလေးခရီးစဉ်များအပြင် ဗန်းမော်၊ မြစ်ကြီးနား၊ တာချီလိတ်၊ လားရှိုး၊ မုံရွာ၊ ဟုမ္မလင်းအစရှိသော ခရီးစဉ်များကိုလည်း ပျံသန်းပြေးဆွဲလျက် ရှိသည်။

Asian Wings Airways လေကြောင်းလိုင်းသည် မေ ၇ ရက်မှစ၍ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ် ကို (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့)တို့တွင် နံနက် ၇ နာရီမှ ထွက်ခွာ၍ နေပြည်တော်သို့ ၇ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ နေပြည်တော်မှ နံနက် ၈ နာရီ ၁ဝ မိနစ်တွင် မန္တလေးနှင့် မြစ်ကြီးနားမြို့ များသို့ ဆက်လက်ပျံသန်းမည်ဖြစ်သည်။

ထို့အပြင် မေ ၈ ရက်မှစတင်၍ အပတ်စဉ် (သောကြာနေ့)တိုင်း နေပြည်တော်-ရန်ကုန် ခရီးစဉ်အား ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး နေပြည်တော်မှ ညနေ ၄ နာရီထွက်ခွာ၍ ရန်ကုန်သို့ ညနေ ၄ နာရီ ၅၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ လေယာဉ်လက်မှတ် ဈေးနှုန်းများမှာ ရန်ကုန်-နေပြည်တော် (သို့မဟုတ်) နေပြည်တော်-ရန်ကုန် ခရီးစဉ်များအတွက် နိုင်ငံခြား ခရီးသည်တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၃၄ နှင့် နိုင်ငံသားခရီးသည်တစ်ဦးလျှင် မြန်မာကျပ် ၉၉ဝဝဝ နှုန်းဖြင့် ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။

အထူးအစီအစဉ်အနေဖြင့် ခရီးစဉ်တိုင်းအတွက် အစောဆုံးလက်မှတ်ဝယ်ယူသူသုံးဦးအား အခမဲ့စီးနင်း ခွင့်ပြုမည်ဖြစ်သည်။ ခရီးသည်တစ်ဦးမှ ရန်ကုန်-နေပြည် တော် (သို့မဟုတ်) နေပြည်တော်-ရန်ကုန် ခရီးစဉ်အား ငါးကြိမ် စီးနင်းပြီးပါကလည်း အခမဲ့တစ်ကြိမ် စီးနင်း ခွင့်ပြုမည်ဖြစ်သည်။ စီးနင်းပြီးသော လေယာဉ်လက်မှတ် အထောက်အထားများပြ၍ သက်ဆိုင်ရာလေကြောင်းရုံးများတွင် လျှောက်ထား၍(အခမဲ့) လက်မှတ်ထုတ်ယူနိုင်သည်။ နေပြည်တော်ခရီးစဉ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား အထူးဦးစားပေး လျှော့ပေါ့ နှုန်းထားဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (ဌေးအောင်-ကြေးမုံ)

No comments:

Post a Comment