Wednesday, April 29, 2015

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ပါကစ္စတန်နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ လေ့လာရေးအဖွဲ့များအား လက်ခံတွေ့ဆုံ




နေပြည်တော် ဧပြီ ၂၈

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်သည် ပါကစ္စတန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ National Security & War Course 2014/2015 (NSWC) သင်တန်းတက်ရောက်လျက်ရှိ သည့် လေ့လာရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည် တော်ရှိ လွှတ်တော်အဆောက်အအုံရေးရာဆောင် အမှတ်(၁)ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ လွှတ်တော်ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်နှင့်အတူ ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များဖြစ်ကြသည့် ဗိုလ်မှူးချုပ် ဌေးနိုင်၊ ဗိုလ်မှူးချုပ် မြင့်ကိုကို၊ ဗိုလ်မှူးချုပ် မောင်မောင်တို့ တက် ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး H.E.Mr. Ehsan Ullah Batth လည်း တက်ရောက်ခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူ့ငွေ စာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော် က လေ့လာရေးအဖွဲ့ သိရှိလို သည့် လွှတ်တော်များ ပေါ်ပေါက် လာပုံ၊ ဖွဲ့စည်းထားရှိမှု၊ လွှတ်တော် လုပ်ငန်းတာဝန်များ၊ ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက် ထားရှိမှု၊ လွှတ်တော်အနေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်း အခြေအနေများအား အသေးစိတ် ရှင်းလင်း ဆွေးနွေးပြောကြား ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment