Wednesday, April 29, 2015

တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲဆက်ဆံရေးပိုမိုမြှင့်တင်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးဆွေးနွေး



နေပြည်တော် ဧပြီ ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် ပါကစ္စတန်နိုင်ငံ National Defence University ( NDU) မှ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မိုဟာမက် အာနမ်ဘူရ် ရာမန်မာလစ်ခ် ဦးဆောင်သော သင်တန်းသားလေ့လာရေး ကိုယ်စားလှယ်အဖွဲ့အား ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများတက်ရောက်ကြပြီး ဗိုလ်မှူးချုပ် မိုဟာမက် အာနမ် ဘူရ် ရာမန်မာလစ်ခ် နှင့်အတူ ပါကစ္စတန်နိုင်ငံ National Defence University ( NDU), National Security & War Course 2014/2015(NSWC) သင်တန်းမှ သင်တန်းသားများ၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Ehsan Ullah Batth နှင့် စစ်သံမှူး Colonel Azhar Yasin တို့ တက် ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကောင်းမွန်လျက် ရှိသည့် ရှိရင်းစွဲဆက်ဆံရေးအား ပိုမိုမြှင့်တင်ရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများတွင် အပြန်အလှန်သတင်းဖလှယ်ရေး၊ သင်တန်းများဖွင့်လှစ်လေ့ကျင့်ရေး၊ အပြန် အလှန် ချစ်ကြည်ရေးခရီးစေလွှတ်ရေး စသည့်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများတွင် တိုးမြှင့်ဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များ နှင့် နှစ်နိုင်ငံရပ်တည်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ (မြဝတီ)

No comments:

Post a Comment