Wednesday, April 29, 2015

ဂျပန်နှင့် အမေရိကန်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မည်



နယူးယောက် ဧပြီ ၂၈

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အမေရိကန်နိုင်ငံသို့ ဆွေးနွေးမှုများ ပြုလုပ် ရန် သွားရောက်လည်ပတ်စဉ် ဂျပန်-အမေ ရိကန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ လုပ်ဆောင်ချက်အသစ်များကို ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ လုပ်ဆောင်ချက်များအရ ဂျပန် နိုင်ငံသည် ကာကွယ်ရေးအခန်း ကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ဖြစ် ပြီး အမေရိကန်က ဂျပန်နိုင်ငံကို ထောက်ပံ့ ပေးရန်ဖြစ်သည်။ အမေရိကန်အနေဖြင့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးကို အငြင်းပွား ကျွန်းများအထိ ကာကွယ်နိုင်စွမ်းရှိလာ တော့မည်ဟု ယူဆကြောင်း နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောသည်။

လက်ရှိ ဂျပန်နိုင်ငံဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် မိမိကိုယ်ကို ကာကွယ်ရန်သာ ဖြစ်၍ ပြန်၍ပြင်ဆင်ရန်လိုကြောင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဆိုသည်။ ဂျပန်နိုင်ငံ၏ မည်သည့်အပြောင်းအလဲမဆို အရှေ့အာရှ အိမ်နီးချင်းနိုင်ငံများသည် သတိပေးမှုသဖွယ်ဖြစ်နေသည်ဟု ဆို သည်။ မစ္စတာ အာဘေးသည် ဝါရှင် တန်သို့ သမ္မတအိုဘားမားနှင့် အင်္ဂါနေ့တွင် သွားရောက်မဆွေးနွေးမီ တနင်္လာနေ့က ၂ဝ၁၃ ခုနှစ်က ဘော်စတွန်မာရသွန် ဗုံး ပေါက်ကွဲရာနေရာ သို့ သွားရောက်ခဲ့သည်။

အဆိုပါ အပြောင်းအလဲများကို မစ္စတာ ဂျွန်ကယ်ရီနှင့် ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး ဖူမိယိုကီရှီဒါတို့က နယူးယောက်မြို့၌ ကြေညာခဲ့ကြသည်။ (ဘီဘီစီ)

No comments:

Post a Comment