Wednesday, April 29, 2015

နီပေါငလျင် ထိခိုက်သူ ရှစ်သန်းကျော်ရှိ၊ အင်္ဂါနေ့အထိ သေဆုံးသူ ၄၃၁၀ ထိရှိလာ




ခတ္တမန္ဒူ ဧပြီ ၂၈

အင်အားပြင်းထန်သော နီပေါငလျင်ကြောင့် လူပေါင်းရှစ်သန်း ထိခိုက် ခံစားရပြီး ၁ ဒသမ ၄ သန်းမှာ စားနပ်ရိက္ခာများလိုအပ်နေကြောင်း ကုလ သမဂ္ဂက ပြောသည်။ နိုင်ငံတကာအကူအညီများ စတင်ရောက်ရှိလာသော် လည်း ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ ရုပ်အလောင်းများ ထည့်သည့်အိတ်များ ပြတ်လပ်နေသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။

ပြင်းအား ၇ ဒသမ ၉ရှိ ငလျင်သည် စနေနေ့က လှုပ်ခဲ့ရာတွင် ခတ္တမန္ဒူ မြို့ရှိ အဆောက်အအုံများ ပြိုကျပျက်စီးသွားပြီး ကျေးလက်ဒေသများပါ ထိခိုက်မှုများပြားခဲ့သည်ဟု ဆိုသည်။ အစိုးရ၏တရားဝင်စာရင်းများအရ အင်္ဂါနေ့အထိ သေဆုံးသူ ၄၃၁ဝ ရှိသွားပြီဖြစ်ကြောင်း သိရသည်။
လူပေါင်း ၈ဝဝဝ နီးပါးဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ပရာဆက်ဒါကယ်က ပြောသည်။ နီပေါနှင့်ပတ်ဝန်းကျင်ဒေသများ သည် ငလျင်ငယ်များ ထပ်မံလှုပ်ခတ်လျက်ရှိသည်။ မြို့တော်ခတ္တမန္ဒူရှိ ထောင် ပေါင်းများစွာသော ပြည်သူများသည် တတိယညအဖြစ် နေအိမ်အပြင် ဘက်၌ အိပ်ခဲ့ရပြီး အများစုမှာနေအိမ်သို့ပြန်ရန် ကြောက်လန့်နေကြဆဲ ဖြစ်သည်ရေနှင့် စားနပ်ရိက္ခာများ၊ လျှပ်စစ်မီးများ ပြတ်တောက်နေဆဲဖြစ်သည်။ (ဘီဘီစီ)

No comments:

Post a Comment