Wednesday, April 29, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးနေပြည်တော်သို့ ပြန်လည်ရောက်ရှိ



နေပြည်တော်   ဧပြီ   ၂၈

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည်  မလေးရှားနိုင်ငံ   ကွာလာလမ်ပူမြို့နှင့် လန်ကာဝီမြို့တို့၌ကျင်းပသည့် (၂၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် လန်ကာဝီမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူး လေယာဉ်ဖြင့် ထွက်ခွာကြသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များအား မလေးရှားနိုင်ငံ ကီဒါ ပြည်နယ်ဝန်ကြီးနှင့်ဇနီး၊ မလေးရှားနိုင်ငံဆိုင်ရာ    မြန်မာသံအမတ်ကြီး ဦးဇော်မြင့်နှင့်ဇနီးနှင့် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက လန်ကာဝီလေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ကြပြီး မလေးရှား နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ဂုဏ်ပြုနှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် နေပြည်တော်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့      နံနက် ၁ဝ နာရီ  မိနစ် ၄ဝ တွင်      ပြန်လည် ရောက်ရှိကြရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်   ၄င်းတို့၏ဇနီးများ၊   ပြည်ထောင်စုဝန်ကြီးများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အတူ ခရီးစဉ်တွင် လိုက်ပါသွားကြသည့်    ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများလည်း   ပြန်လည်လိုက်ပါလာကြ သည်။                

                                     

  (သတင်းစဉ်)

No comments:

Post a Comment