Thursday, April 30, 2015

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံဆက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆွေးနွေး



 

နေပြည်တော်  ဧပြီ   ၂၉


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ဗိုလ်မှူးချုပ် မိုဟာမက်အာနပ် အူရ် ရာမာန် မာလစ်ခ်ဦးဆောင်သည့် ပါကစ္စတန်နိုင်ငံ အမျိုးသားကာကွယ် ရေးတက္ကသိုလ်၊ အမျိုးသားလုံခြုံရေး နှင့် စစ်ရေးသင်တန်းမှ သင်တန်းသား ၁၇  ဦးပါဝင်သော  ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေပိုင်းတွင်  နိုင်ငံ ခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ ခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ်  မြန်မာနိုင်ငံ ၏  နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတကာ ဆက်ဆံရေးတိုးတက်မှုအခြေအနေ များ၊   မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု များကို   တိုးမြှင့်နိုင်ရေးအတွက်  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။     (သတင်းစဉ်)

No comments:

Post a Comment