Wednesday, April 29, 2015

AA လက်နက်ကိုင်အဖွဲ့မှ လက်နက်များ သိမ်းဆည်းရမိ





နေပြည်တော် ဧပြီ ၂၈
ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် ကုလားချောင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် AA လက်နက်ကိုင်အဖွဲ့များ စိမ့်ဝင် ခိုအောင်းနေကြောင်း သတင်း အရ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရာ ဗဗ လက်နက် ကိုင်အဖွဲ့ဝင်အချို့နှင့် လက်နက် ခဲယမ်းများ၊ အသုံးအဆောင် ပစ္စည်းများ ဖမ်းဆီးရမိလျက်ရှိ သည်။
ထို့ပြင် စပါးဆိပ်ကျေးရွာနှင့် ကုလားကျကျေးရွာပတ်ဝန်းကျင်အား ဧပြီ ၂၇ ရက် နံနက်ပိုင်းမှ စတင် ၍ တပ်မတော်စစ်ကြောင်းများက အသေးစိတ် ဖြန့်ခွဲရှင်းလင်းခဲ့ရာ ကုလားကျကျေးရွာ၏ အနောက် တောင်ဘက် နှစ်မိုင်ခန့် အကွာရှိ သဘာဝကျောက်လိုဏ်ဂူအတွင်း၌ ကျောက်တုံးများဖြင့် ဖုံးအုပ်ထားသော အမ်(၂၂)ပုံစံသေနတ် ငါးလက်၊ အမ်(၂၅)ပုံစံသေနတ် လေးလက်၊ စုစုပေါင်း ကိုးလက်အား သိမ်းဆည်း ရမိပြီး ဆက်လက်ရှင်းလင်းခဲ့ရာ ပေ ၅ဝ ခန့်အကွာ၌ သစ်ရွက်များဖြင့် ဖုံးအုပ်ထားသော အမ်(၂၂)ပုံစံ သေနတ် ခြောက်လက်နှင့် အမ်(၂၅)ပုံစံ သေနတ် လေးလက်၊ စုစုပေါင်း ၁ဝ လက်အား ထပ်မံသိမ်းဆည်းရမိ ခဲ့သည်။
သိမ်းဆည်းရမိသော လက်နက် မျိုးစုံ ၁၉ လက်အား အသေးစိတ် စိစစ်ခဲ့ရာ လက်နက်များ၏ ကိုယ် ထည်တွင် စက်ဝိုင်းအတွင်း၌ ခုနစ် ထောင့်ကြယ်ပုံပါရှိသည့် သင်္ကေတ၊ M-22 ၊ M-25 စသည့် သေနတ် အမျိုးအစား စာသားနှင့်KO အက္ခရာပါရှိသည့် သေနတ်နံပါတ် များ ရိုက်နှိပ်ထားကြောင်း သိရ သည်။
နယ်မြေအတွင်း AA လက်နက် ကိုင်အဖွဲ့များ ခိုအောင်းခြင်းမရှိစေ ရေးအတွက် တပ်မတော်စစ်ကြောင်း များက ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ သတင်းဖော်ထုတ် ရှင်းလင်းလျက်ရှိကြောင်း သတင်း ရရှိသည်။ (မြဝတီ)

No comments:

Post a Comment