Thursday, April 2, 2015

မြန်မာလူငယ်ဂေါက်သီးကစားသမားများ လက်ရည်စစ်ပွဲ အောင်မြင်




ရန်ကုန် ဧပြီ ၁

မတ် ၂၆ ရက်မှ ၂၈ရက်အထိ ထိုင်းနိုင်ငံ Lotus Valley Golf Resort ၌ ကျင်းပသည့် Optimist International Qualifying Junior Golf Championships 2015 လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲကို မြန်မာ လူငယ်ဂေါက်သီးရိုက်အသင်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာကစားသမားကိုးဦး လက်ရည်စစ်ပွဲအောင်မြင်ခဲ့သည်။
မြန်မာလူငယ် ဂေါက်သီးကစား သမားဖြစ်သော သင်းဝေခိုင်က (Girl 10-12)သက်တမ်းတွင် ပထမဆုရရှိ ပြီး လက်ရည်စစ်ပွဲ အောင်မြင်ခဲ့သလို အမျိုးသမီးဂေါက်သီးအားကစား သမားများဖြစ်သော သံလွင်မိုးသက်၊ ဝင့်ဖူးနဒီအောင်၊ ဖူးပွင့်ရတီခိုင်၊ အမျိုးသားဂေါက်သီးအားကစား သမားများဖြစ်သော ကောင်းမြတ်ကျော်၊ မင်းသံလွင်အောင်၊ ဟိန်းစည် သူ၊ ထွန်းအောင်ခိုင်၊ ဇင်အောင်မင်းတို့သည် လက်ရည်စစ်ပွဲ အောင်မြင်ကာ ဇူလိုင်လတွင် အမေရိကန် နိုင်ငံ ဖလော်ရီဒါ၌ကျင်းပမည့်The Optimist International Junior Golf Championships 2015 ပြိုင်ပွဲသို့ ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ယင်း လက်ရည်စစ်ပွဲကို မြန်မာ၊ ထိုင်း၊ မလေးရှား၊ဂျပန်၊ တရုတ်၊ တောင်ကိုရီး ယားနှင့် ဗီယက်နမ် စုစုပေါင်း ခုနစ် နိုင်ငံမှ အားကစားသမား ၆၈ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့သည်။မြန်မာလူငယ် ဂေါက်သီးရိုက်အသင်းကို မြန်မာနိုင်ငံဂေါက် သီးအဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး ဦးအောင်လှဟန်ဦးဆောင်၍ ကစားသမား အမျိုးသား ကိုးဦး၊ အမျိုး သမီးငါးဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
လက်ရည်စစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာလူငယ်ဂေါက်သီးရိုက်အသင်းသည် မတ် ၂၉ ရက်က ပြန်လည် ရောက်ရှိလာပြီး မြန်မာနိုင်ငံ ဂေါက် သီးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
ဖိုးသော်ဇင်

No comments:

Post a Comment