Thursday, April 2, 2015

သုတေသနပြုချက်အသစ်အရ စီရိုနယ်လ်ဒိုသည် ဥရောပ၏ အကောင်းဆုံးတိုက်စစ်မှူးနံပါတ် (၂၉)နေရာတွင်သာရှိ





ဥရောပ၏ လိဂ်ငါးလိဂ်မှ အကောင်းဆုံး ကစားသမားများကို သုတေသနပြုခဲ့ရာ လက်ရှိ သလွန်းဒီအောဆုရှင် ခရစ္စတီယာ နိုရိုနယ်လ်ဒိုက အကောင်းဆုံး တိုက်စစ်မှူးစာရင်း၌ နံပါတ် (၂၉) နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ သို့သော် စီရိုနယ်လ်ဒို၏ ပြိုင်ဘက်မက်ဆီကမူ တိုက်စစ်မှူး နံပါတ်(၁)နေရာကို ရရှိခဲ့ပြီး ကွင်းလယ်တိုက်စစ်နေရာတွင် အိုဇေးလ်ကနံပါတ် (၁)အဖြစ် ရပ်တည်နိုင်ခဲ့သည်။
ယင်း သုတေသနပြုချက်ကို ဆွစ်ဇာလန်အခြေစိုက် CIES စောင့်ကြည့်ရေးအဖွဲ့က ဦးဆောင် ပြုလုပ်ခဲ့ကာ ၂ဝ၁၅ ခုနှစ်အတွင်း ပရီမီယာလိဂ်၊ ဘွန်ဒက်စ်လီဂါ၊ စီးရီးအေ၊ လီဂူး-၁၊ လာလီဂါများမှ ကစားသမားများ၏ ၂ဝ၁၅ခုနှစ် စွမ်းဆောင်ရည်အပေါ် မူတည်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မက်ဆီက တိုက်စစ်နေရာတွင် ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့ပြီး ၎င်း၏နောက်တွင် ဘွန်ဒက်စ်လီဂါ တိုက်စစ်တွဲဖြစ်သည့် အာဂျန်ရော် ဘင်နှင့် ဘတ်စ်ခရော့ခ်တို့က အစဉ်လိုက် ရပ်တည်နေသည်။ ရိုနယ်ဒိုကမူဂီရော့ဒ်၊ ဟယ်ရီကိန်း တို့နောက် အဆင့် (၂၉)နေရာ၌ သာ ရပ်တည်နိုင်ခဲ့သည်။
ကစားပုံနည်းစနစ်နှင့် ကစား ကွက်ပုံဖော်နိုင်မှု ညွှန်းကိန်းအရ ကွင်းလယ်တိုက်စစ်နေရာတွင် အို ဇေးလ်နှင့် ဟာဇက်တို့က ထိပ်ဆုံး မှ ရပ်တည်နေသည်။ ဗဟိုကွင်း လယ်နေရာအတွက်မူ လီဗာပူးမှ ဆာဟင်က ပေါ့ဘာနှင့် ဖာနန်ဒင်ညိုတို့ကို ကျော်လွန်ကာ နံပါတ်(၁)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment