Wednesday, April 29, 2015

တီထွင်ဖန်တီးမှုအားကောင်းသော အရည်အချင်းပြည့်ဝသည့် လူငယ်များကို မြန်မာနိုင်ငံ၏ အိုင်စီတီစက်မှုလုပ်ငန်းများမှ လိုအပ်လျက်ရှိ









နေပြည်တော် ဧပြီ ၂၈

မြန်မာသတင်း အချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Tech- nology - MIIT)နှင့် အိန္ဒိယနိုင်ငံ၊ (India Institute of Information Technology, Bangalore- IIIT-B) တက္ကသိုလ်တို့အကြား ပူးပေါင်း ဖွင့်လှစ်သည့် Post Graduate Diploma in Software Develop- ment (PGDSD) သင်တန်းဆင်း ဘွဲ့လက်မှတ်ချီးမြှင့်ခြင်း အခမ်းအနား ကို ဧပြီ ၂၈ ရက် နံနက် ၉ နာရီက မန္တလေး ကွန်ပျူတာတက္ကသိုလ်၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ပြော ကြားရာတွင် သတင်းအချက်အလက် နှင့်နည်းပညာခေတ်ကြီးတွင် နယ်ပယ် ကဏ္ဍစုံ၌ ဖွံ့ဖြိုးတိုးတက်ပြီး ယှဉ်ပြိုင် အားသာချက်များ ရယူနိုင်ရေးအတွက် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communi- cations Technology - ICT) အား အကျိုးရှိစွာ အသုံးပြုရမည်ကို နိုင်ငံ တော်အစိုးရအနေဖြင့် ကောင်းစွာ နားလည်ပါကြောင်း၊ICT ဆိုင်ရာ Long Term Master Plan ကို ရေးဆွဲထားရှိပြီး ပိုမိုကောင်းမွန်ပြည့်စုံ စေရန်၊ ခေတ်နှင့်လျော်ညီမှုရှိစေရန် အတွက် ICT Master Plan ည ကို အမြဲ ပြောင်းလဲ ဖြည့်စွက်ရေးဆွဲနိုင်ရန် လည်း အစဉ်တွန်းအားပေးလျက်ရှိပါ ကြောင်း၊ ယခု PGDSD ဘွဲ့လွန် ဒီပလိုမာသင်တန်းကို ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် MIIT ကို မန္တလေး မြို့တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက် လျက်ရှိပြီး တက္ကသိုလ်ပင်မအဆောက် အအုံ တည်ဆောက်နေစဉ်အတွင်း မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် ယာယီ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ ကိုးလဖြစ်ပြီး ပထမ သင်တန်းကာလခြောက်လကို အိန္ဒိယ နိုင်ငံ၊IIIT-B တက္ကသိုလ်တွင် ၂ဝ၁၄ ခုနှစ် မေလမှ အောက်တိုဘာလအထိ လည်းကောင်း၊ ဒုတိယသင်တန်း ကာလ သုံးလကို မန္တလေးကွန်ပျူတာ တက္ကသိုလ်တွင် ၂ဝ၁၄ ခုနှစ် ဒီဇင် ဘာလမှ ၂ဝ၁၅ ခုနှစ် မတ်လအထိ လည်းကောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ ခြင်း ဖြစ်ပါကြောင်း။

ထို့အပြင် နည်းပညာအသစ် များ၊ အတွေးအခေါ်အသစ်များကို အသုံးပြု၍ တီထွင်ဖန်တီးမှုအား ကောင်းသော အရည်အချင်းပြည့်ဝ သည့် လူငယ်များကိုလည်း မြန်မာ နိုင်ငံ၏ ICT Industries များမှ အမြဲ လိုအပ်လျက်ရှိပါကြောင်း၊ ယင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ယခုကဲ့သို့သော ဒီပလိုမာဘွဲ့ရများ အား Myanmar Institute of Information Technology, MIIT မှဆက်လက်မွေးထုတ်ပေးလာနိုင်မည် ဖြစ်သည့်အတွက် ICT Industries အတွက်လည်း များစွာအကျိုးရရှိမည် ဖြစ်ပါကြောင်း။

ယခုသင်တန်းတွင် တက်ရောက် ခဲ့သော သင်တန်းသားသင်တန်းသူ များသည် ကွန်ပျူတာအသုံးချ Software များကို ကျွမ်းကျင်စွာ ရေးသားနိုင်သည့် Software Engineer များအဖြစ် ရမှတ်ကောင်း များဖြင့် ရရှိအောင်မြင်ခဲ့သူများ ဖြစ် သည့်အားလျော်စွာ မြန်မာနိုင်ငံရှိICT Industries များနှင့် စီးပွားရေး လုပ်ငန်းများအတွက် လိုအပ်လျက်ရှိ သည့် လူ့စွမ်းအားအရင်းအမြစ်များ အဖြစ် ရပ်တည်သွားနိုင်မည် ဖြစ်ပါ ကြောင်း။

အဆိုပါ သင်တန်းဆင်းပွဲသို့ တက်ရောက်လာသည့်ICT ကုမ္ပဏီ များဖြစ်သည့် MCC, MIT, ACE, Galaxy Software, iT STAR, Orient Mandalay, Information Matrix စသည်တို့မှ တာဝန်ရှိသူများ က သင်တန်းဆင်း သင်တန်းသားများ အားလူတွေ့မေးမြန်း၍ မိမိတို့ကုမ္ပဏီ များတွင် အလုပ်ခန့်အပ်နိုင်ရေး အတွက် တစ်ပါတည်းဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ MIIT Task Force ၏ ဥက္ကဋ္ဌ Mr. S. Ramadorai နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးက အမှာစကားပြော ကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အထူးဧည့်သည်တော်များကSoftware Development ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ PGDSD သင်တန်း မှ သင်တန်းသား၊ သင်တန်းသူများ ကို ဘွဲ့လက်မှတ် ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။ (သတင်းစဉ်)

No comments:

Post a Comment