Wednesday, April 1, 2015

ကျောက်မျက်ဈေးဆောက်လုပ်ရာ၌ မလွတ်သည့်မြေ အတွက် တောင်သူများအား မဲစနစ်ဖြင့် မြေကွက်ချပေး




'ကျောက်မျက်ဈေးဆောက်လုပ်ရာ၌ မလွတ်သည့်မြေ
အတွက် တောင်သူများအား  မဲစနစ်ဖြင့် မြေကွက်ချပေး
=================================

နေပြည်တော် မတ် ၃၁

ဒက္ခိဏသီရိမြို့နယ် ကြာပင်ကျေးရွာအုပ်စုအတွင်းရှိ ကျောက်မျက်
ရတနာအချောထည်ဈေးနှင့် ပေ (၁ဝဝx၁ဝဝ) မြေကွက်များ ဖော်ထုတ်
ရာတွင် မလွတ်ကင်းသည့် တောင်သူ
များအား မဲစနစ်ဖြင့် (၆ဝx၄ဝ) မြေကွက်များ ချထားပေးခြင်းအခမ်း
အနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ မတ် 
၂၄ ရက် မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းနေ့က ထန်းတပင်ကွင်းအမှတ်၁၈၁၄ နှင့် ၁၈၁၅ အတွင်းရှိ တောင်သူ 
၂ဝ၆ ဦးအား မဲစနစ်ဖြင့် (၆ဝx၄ဝ) မြေကွက် ၂၇၁ ကွက်ကို ယာယီမြေပေး
မိန့်များနှင့်အတူ ချထားပေးခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့်၊နေပြည်တော် စည်ပင်သာယာရေးကော်မတီဒုတိယ မြို့တော်ဝန်ဦးသန်းကျော်ထူး၊ နေ
ပြည်တော်စည်ပင်သာယာရေးကော် မတီမြေယာဌာနမှူးဦးအေးကိုကို၊ ဒက္ခိဏခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော် လွင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးညီ ညီ၊ မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲ ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။    

ဆုထက်လှိုင်'

နေပြည်တော် မတ် ၃၁


ဒက္ခိဏသီရိမြို့နယ် ကြာပင်ကျေးရွာအုပ်စုအတွင်းရှိ ကျောက်မျက် ရတနာအချောထည်ဈေးနှင့် ပေ (၁ဝဝx၁ဝဝ) မြေကွက်များ ဖော်ထုတ် ရာတွင် မလွတ်ကင်းသည့် တောင်သူ များအား မဲစနစ်ဖြင့် (၆ဝx၄ဝ) မြေကွက်များ ချထားပေးခြင်းအခမ်း အနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ မတ် ၂၄ ရက် မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းနေ့က ထန်းတပင်ကွင်းအမှတ်၁၈၁၄ နှင့် ၁၈၁၅ အတွင်းရှိ တောင်သူ ၂ဝ၆ ဦးအား မဲစနစ်ဖြင့် (၆ဝx၄ဝ) မြေကွက် ၂၇၁ ကွက်ကို ယာယီမြေပေး မိန့်များနှင့်အတူ ချထားပေးခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့်၊နေပြည်တော် စည်ပင်သာယာရေးကော်မတီဒုတိယ မြို့တော်ဝန်ဦးသန်းကျော်ထူး၊ နေ ပြည်တော်စည်ပင်သာယာရေးကော် မတီမြေယာဌာနမှူးဦးအေးကိုကို၊ ဒက္ခိဏခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော် လွင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးညီ ညီ၊ မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲ ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
ဆုထက်လှိုင်

No comments:

Post a Comment