Wednesday, April 1, 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း လောက်ကိုင်ဒေသတိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများအား တွေ့ဆုံအားပေး

'ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း လောက်ကိုင်ဒေသတိုက်ပွဲများတွင်
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများအား တွေ့ဆုံအားပေး

ပြင်ဦးလွင်    မတ်    ၃၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ   သူရ ဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့ လွှတ်တော်ကော်မတီ    ဥက္ကဋ္ဌများ၊ တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးပါတီများမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်   ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူ များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်မှ မော်တော်ယာဉ်များ ဖြင့် ထွက်ခွာခဲ့ရာ မန္တလေးတိုင်းဒေသ ကြီး ပြင်ဦးလွင်မြို့သို့  ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရောက်ရှိကြသည်။

ထို့နောက်   ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ  သူရဦးရွှေမန်းနှင့် အဖွဲ့ဝင် များသည်  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ    ဦးဝင်းမောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်၊ တာဝန်ရှိသူများနှင့် အတူ ပြင်ဦးလွင်တပ်နယ်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇ဝဝ) ဧည့်ခန်းမတွင်  ဆေးရုံတပ်မှူးနှင့် ဆရာဝန်၊ သူနာပြုများအား တွေ့ဆုံ သည်။
 
တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက    တပ်မတော်အနေဖြင့် နိုင်ငံတော်၏ နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ်အခြာအာဏာကို   ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် သစ္စာ  လေးချက်ကို     ဦးထိပ်ပန်ဆင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ တော်နှင့်    နိုင်ငံသားများအကျိုး အတွက်     ဆောင်ရွက်နေသည့် တပ်မတော်ဖြစ်၍   နိုင်ငံသားများ နည်းတူ    လွှတ်တော်ကလည်း လေးစားဂုဏ်ယူလျက်ရှိပါကြောင်း၊ ရှေ့တန်းစစ်မျက်နှာ  အသီးသီးတွင် အသက်ကို  မငဲ့ကွက်ဘဲ သက်စွန့် ဆံဖျား   တာဝန်ထမ်းဆောင်လျက် ရှိကြသော  တပ်မတော်သားများကို ပြည်သူများက    ချစ်ခင်လေးစားပြီး  ဂုဏ်ယူလျက်ရှိပါကြောင်း၊  အများ အကျိုးအတွက်၊  တိုင်းပြည်အတွက် တပ်မတော်၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုပါကြောင်း။
ယနေ့လာရောက်ရခြင်းမှာ ပြည်သူ များ၏ကိုယ်စား        လွှတ်တော်က ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊  မိမိတို့ အဖွဲ့တွင်   တိုင်းရင်းသားပါတီများ အပါအဝင်   နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင် ပါကြောင်း၊ မည်သည့်ပါတီပင်ဖြစ်စေ တပ်မတော်အပေါ် လေးစားချစ်ခင် ယုံကြည်လျက်ရှိပါကြောင်း၊ အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက် သော   ခေတ်မီမျိုးချစ်တပ်မတော် အဖြစ်    တည်ဆောက်လျက်ရှိရာ တိုင်းရင်းသားပေါင်းစုံဖြင့်   ဖွဲ့စည်း ထားသည့် ပြည်ထောင်စုတပ်မတော် ဖြစ်မှသာ နယ်မြေအေးချမ်းသာယာ ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ခိုင်မာစွာ တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ 

ဆက်လက်၍     အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဒုတိယ ဥက္ကဋ္ဌ     စမ်းချောင်းမဲဆန္ဒနယ်မှ ဦးစိုးဝင်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ် ဒုတိယဥက္ကဋ္ဌ ဆီဆိုင်မဲဆန္ဒနယ်မှ ဦးဝင်းကိုတို့က လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား တပ်မတော်သား များ၏ ရဲဝံ့စွန့်စားဆောင်ရွက်မှုတို့ကို ဂုဏ်ပြုစကားပြောကြားသည်။ 

ယင်းနောက်  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များသည်  လတ်တလော ကာလအတွင်း လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော်အတွက် သက်စွန့်ဆံဖျား တိုက်ပွဲဝင်ကြရာမှ   ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ဆေးကုသ မှုခံယူလျက်ရှိကြသော တပ်မတော် သား  အရာရှိ၊  စစ်သည်များအား     တစ်ဦးချင်းစီ   တွေ့ဆုံအားပေးကာ     ဂုဏ်ပြုချီးမြှင့်ငွေနှင့်       လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ သည်။  

              (သတင်းစဉ်)'

(သတင်းစဉ်)

No comments:

Post a Comment