Wednesday, April 1, 2015

ပရီမီယာလိဂ်မှာ ကစားရရင် လီဗာပူးမှာသာ ကစားမယ်ဆိုတဲ့ ဆွာရက်ဇ်

 

 တိုက်စစ်မှူး ဆွာရက်စ်က သူ့အနေနဲ့ ပရီမီယာလိဂ်သို့ သာ ပြန်ကစားရမယ်ဆိုရင် လီဗာပူးတစ်သင်းမှာသာ ကစားနိုင်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ က ဆွာရက်ဇ်ဟာ လီဗာပူးမှ ဘာစီလိုနာသို့ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဘာစီလိုနာသို့ ပြောင်းခဲ့ရပေမယ့် အင်္ဂလန်ပရိသတ်ကို လွမ်းမိပါတယ် လို့လည်း လီဗာပူးအသင်းရဲ့ ရန်ပုံငွေပွဲမှာ ပြောဆိုလိုက် ပါတယ်။ ဆွာရက်ဇ်ဟာ လီဗာပူးအသင်းနဲ့အတူ သုံးနှစ် ခွဲကစားခဲ့ပြီး ပြီးခဲ့တဲ့နှစ်က လီဗာပူးအသင်းအတွက် ၃၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဂျရတ်ဦးဆောင်တဲ့ အသင်းနဲ့ လီဗာပူးနောက်တန်းကစားသမားဟောင်း ကာရေဂါတို့ ဦးဆောင်တဲ့အသင်းတို့ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေကျတဲ့ ရန်ပုံငွေပွဲမှာ ဒုတိယပိုင်း လူစားအဖြစ်ပါဝင် ကစားခဲ့ပါတယ်။ ဒီပွဲမှာ ကာရေဂါဦးဆောင်တဲ့ အသင်း ဘက်က လီဗာပူးတိုက်စစ်မှူး ဘာလော့တယ်လီ၊ ချယ်လ် ဆီး တိုက်စစ်မှူး ဒရော့ဘာတို့လည်း ပါဝင်ကစားခဲ့ပါ တယ်။ 

အာဆင်နယ်ကစားသမားဟောင်း အွန်နရီ၊ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီတို့ လည်း ပါဝင်ကစားခဲ့ကြပါတယ်။
ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment