Tuesday, April 28, 2015

နေပြည်တော်ဟိုတယ်ဇုန်များ သက်ဝင်စည်ကားလာစေရေး ပူးပေါင်းဆောင်ရွက်ကြရန်လို











သက်မွန်ဦး၊ခြူးစန္ဒီနွေး၊ ကလျာမိုးမြင့်

ယမန်နှစ်များအတွင်း ဆီးဂိမ်းပြိုင်ပွဲ၊ အာဆီယံထိပ်သီးအစည်းအဝေးများ၊ ကျောက်မျက်ပြပွဲများနှင့် စည်ကားခဲ့သော နေပြည်တော်ဟိုတယ်ဇုန်အတွင်းရှိ ဟိုတယ်များအနေဖြင့် ဧည့်သည်ဝင်ရောက်မှု နည်းပါးချိန်တွင် ဝန်ဆောင်မှုများတိုးချဲ့ခြင်း၊ အချို့အခန်းခများ လျှော့ချခြင်း အစရှိသည့် ပုံစံမျိုးစုံဖြင့် ဧည့်သည်များလာရောက်တည်းခိုနေထိုင်နိုင်ရေး ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံခြားသားခရီးသွားများ အများ ဆုံးစိတ်ဝင်စားသည့် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဖြစ်သော ပုဂံ၊ သဘာဝပတ်ဝန်းကျင် အလှအပများရှိ သည့် အင်းလေး၊ ပြင်ဦးလွင်နှင့် ပင်လယ်ကမ်းခြေဒေသများ၌ ခရီး သွားရာသီဟူ၍ ပုံသေသတ်မှတ်နိုင် သော်လည်း နေပြည်တော်တွင် ထိပ်သီးအစည်းအဝေးပွဲများ ပြုလုပ် ချိန်၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင် ရွက်ရမည့် စီးပွားရေးလုပ်ငန်းရှင်များ၊ သံတမန်ကိစ္စ လာရောက်မှုများ၊ ကျောက်မျက်ရတနာပြပွဲကျင်းပချိန် နှင့် ဖိုရမ်များပြုလုပ်သည့် ကာလများ တွင်သာ ပြည်တွင်း၊ ပြည်ပတည်းခိုသူ များ ဝင်ရောက်မှုရှိသည်။

၂ဝ၁၄ ခုနှစ်အတွင်း နေပြည်တော် ဟိုတယ်ဇုန်၌ နိုင်ငံခြားသားဧည့်သည် များ လာရောက်တည်းခိုသည့် အရေ အတွက် ၁၂ဝဝဝဝ ကျော်ရှိပြီး ပြည် တွင်းဧည့်သည် ၁ဝဝဝဝဝ ကျော် လာရောက်တည်းခိုကြောင်း မှတ်တမ်း များအရ သိရသည်။ နေပြည်တော် ကောင်စီနယ်မြေတွင် ဟိုတယ်ဇုန် သုံးခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိဖွင့်လှစ် လည်ပတ်နေသော ဟိုတယ်အရေ အတွက် ၆၁ လုံးရှိသည်။

လက်ရှိလုပ်ငန်း လည်ပတ်နေ သောဟိုတယ်များတွင် ဟိုတယ်ဇုန် (၁)သည် အချက်အချာကျသည့် နေရာဖြစ်ခြင်း၊ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ခြင်း၊ အပန်းဖြေသွားလာစရာနေရာပေါများခြင်း၊ Junction ကဲ့သို့ ဈေးဝယ်စင်တာများနှင့် နီးကပ်ခြင်းစသည့် ဧည့်သည်များ အတွက် အဆင်ပြေနိုင်သည့် အားသာ ချက်များရှိသော်လည်း ဟိုတယ်ဇုန် (၂)တွင် အဆိုပါအချက်များ အားနည်းနေသေးကြောင်း တွေ့ရ သည်။ ဇုန်(၂)ရှိ ဟိုတယ်အများစု အနေဖြင့် ရေရှည်တည်းခိုသူ စီးပွား ရေးလုပ်ငန်းရှင်များကိုသာ အားထား ၍ လုပ်ငန်းလည်ပတ်လျက်ရှိသည်။ ဟိုတယ်ဇုန်(၁)နှင့် နှိုင်းယှဉ်လျှင် ဟိုတယ်ဇုန်(၂)မှာ ရေရှည်ရပ်တည်မှု အတွက် အနည်းငယ်ရုန်းကန်ရမည့် အနေအထားရှိသည်။

နေပြည်တော်ရှိ ဟိုတယ်ဇုန်များ သက်ဝင်လှုပ်ရှားလာစေရန် ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန၊ ပုဂ္ဂလိကဟိုတယ်များနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်ပြီး ခရီးသွားလာ ရေးကဏ္ဍကို အဆင့်မြှင့်တင်လျက်ရှိ သည်။ MICE Marketing (Meeting Incentive Conference Exhibition) ကို ခရီးသွားလာမှု မြှင့်တင်ရေး စီမံကိန်းသစ်တစ်ရပ် အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဝန်ကြီးဌာနနှင့် ဟိုတယ်ဇုန်များ အနေဖြင့် ခရီးသွားဧည့်သည်များ၊ နေပြည်တော် သတင်းအချက်အလက် များကို အဆင်ပြေပြေရရှိနိုင်ရန် အတွက် Website များ လွှင့်တင်နိုင် ရန်စီစဉ်နေပြီး နေပြည်တော်တွင် အခမ်းအနားပွဲများ ပိုမိုပြုလုပ်လာရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အဆင့် မြှင့်တင်သည့်နေရာတွင် ပြည်ထောင်စု ဝန်ကြီးဌာနများ ရုံးစိုက်ရာ မြို့ ဖြစ်သည်နှင့်အညီ ဝန်ကြီးဌာန ဆက်စပ်အစည်းအဝေးများအားလုံး ကို နေပြည်တော်၌ကျင်းပနိုင်ရေး ဆောင်ရွက်သွားသင့်ကြောင်း၊ ပြည် တွင်းခရီးသွားများကိုလည်း ယဉ်ကျေး မှု ပွဲလမ်းသဘင်များ ကျင်းပ၍ ဆွဲဆောင်သွားသင့်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးက မှာကြားထားသည်ဟု သိရသည်။

ဆက်လက်ပြီး ပြည်တွင်းပြည်ပ ခရီးသည်များအား ဆွဲဆောင်မှုတစ်ရပ် အနေဖြင့် လွှတ်တော်အတွင်း ဝင်ရောက်လေ့လာလိုသူများအတွက် အဆင်ပြေချောမွေ့စွာ ဝင်ထွက်သွား လာခွင့်ကို ဝန်ကြီးဌာနက ဆောင်ရွက် ပေးခြင်း၊ ဟိုတယ်များအနေဖြင့် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများ မြှင့်တင်ပေးခြင်း၊ အခန်းခနှုန်းထား များ လျှော့ချပေးခြင်းဖြင့် တတ်စွမ်း သမျှ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပြည်ပခရီးသည်များ ပိုမိုအဆင်ပြေချောမွေ့စွာ လာရောက် လည်ပတ်နိုင်ရေးအတွက် အွန်လိုင်း၊ ငွေလွှဲစနစ်၊ လေဆိပ်အဝင်အထွက် လွယ်ကူစေရေး၊ မော်တော်ယာဉ်လိုင်း များ ပိုမိုပြေးဆွဲပေးနိုင်ရေး အရှိန်မြှင့် ဆောင်ရွက်ရန် ဝန်ကြီးဌာန၊ ပုဂ္ဂလိက နှင့် ဟိုတယ်လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည်ဟု ဟိုတယ် လုပ်ငန်းရှင်တစ်ဦးက အကြံပြုထား သည်။
နေပြည်တော်ဟိုတယ်ဇုန်များ သက်ဝင်စည်ကားစေရန် ဟိုတယ် လုပ်ငန်းရှင်များသာမက ခရီးသွား၊ ဘဏ်လုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး အစရှိသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေ ဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် နေပြည်တော်ဟိုတယ်ဇုန် သာမက မြန်မာ့ခရီးသွားလုပ်ငန်းပါ တိုးတက်လာမည်ဖြစ်သည်ဟု ယူဆမိ ကြောင်း ဟိုတယ် လုပ်ငန်းရှင်တစ်ဦး က အကြံပြုပြောကြားသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment