Tuesday, April 28, 2015

လောက်ကိုင်မြို့တွင်း၌ ငွေကျပ်သိန်းပေါင်း ၂၇၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



 

နေပြည်တော် ဧပြီ ၂၇
လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော် စစ်ကြောင်းများက လုံခြုံရေးတာဝန်များထမ်းဆောင်မှုနှင့်အတူ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှု မရှိစေရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဧပြီ ၂၅ ရက် နံနက်ပိုင်းက လောက်ကိုင်မြို့ ရပ်ကွက်(၂) အောက်ဈေးအနောက်ဘက် ကလေးအားကစား စကိတ် ကွင်းအနီးရှိ လူနေတိုက်တန်းကို ရှောင်တခင်စစ်ဆေးစဉ် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၂၃ ဦးတို့အား ကာလတန်ဖိုးငွေကျပ် သိန်း ၁ဝဝ ခန့်ရှိသော အိုက်စ် ဝ ဒသမ ၅ ကီလိုဂရမ်၊ ကာလတန်ဖိုးငွေကျပ် သိန်း ၂၆၁ဝ ခန့်ရှိသော WY စာတန်းပါ နီညိုရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၇၄ဝဝဝ၊ ကာလတန်ဖိုးငွေကျပ် သိန်း ၆ဝ ခန့်ရှိသော နီညိုရောင် စိတ်ကြွ ရူးသွပ်ဆေးမှုန့် ဝ ဒသမ ၃ ကီလိုဂရမ်နှင့် ကာလတန်ဖိုးငွေကျပ် လေးသောင်း ခန့်ရှိသော ဘိန်းဖြူမှုန့် ဝ ဒသမ ၂ ဂရမ် စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်း ၂၇၇ဝ ကျော်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီး ရမိသည်။
ဖမ်းဆီးရမိသော တရားခံများနှင့် မူးယစ်ဆေးဝါးများကို ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။ (မြဝတီ)

No comments:

Post a Comment