Tuesday, April 28, 2015

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ထန်းတပင်မြို့နယ်များသို့ ရှောက်ရှိစစ်ဆေး




ရန်ကုန် ဧပြီ ၂၇

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုသည် ယနေ့နံနက်ပိုင်းတွင် ဆိပ်ကြီးခနောင်တိုမြို့ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့ရှိ ဆောက်လုပ်ဆဲအဆောက်အအုံများနှင့် ဆိပ်ကြီးခနောင်တို မြို့မရဲစခန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အထောက်အကူပြု အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။

ဆက်လက်၍ ထန်းတပင်မြို့သို့ရောက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ အဆောက်အအုံသစ်ဆောက်လုပ်ပြီးစီးမှု၊ ထန်းတပင်မြို့မရဲစခန်းနှင့် ကုက္ကိုဝ တံတားစီမံကိန်းတို့ကိုကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၌ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိသည်။ (မြန်မာ့အလင်း)

No comments:

Post a Comment