Wednesday, April 1, 2015

ကုန်သွယ် ရေးနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပိုမိုမြှင့်တင် ဆောင်ရွက်ရေး ဆွေးနွေး


'ကုန်သွယ် ရေးနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပိုမိုမြှင့်တင် ဆောင်ရွက်ရေး ဆွေးနွေး
================================

နေပြည်တော် မတ် ၃၁

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပါကစ္စတန် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဟာမက်ဇာကော်လာ အဲန်အိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံ တော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယ သမ္မတနှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီးသူရသက်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်တို့ တက်ရောက်ကြပြီး ဧည့်သည်တော် ပါကစ္စတန် ရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး Mr. Ehsan Ullah Batth လည်း တက် ရောက်သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ကုန်သွယ် ရေးနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုမြှင့်တင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြ သည်။ (သတင်းစဉ်)'


နေပြည်တော် မတ် ၃၁

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပါကစ္စတန် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဟာမက်ဇာကော်လာ အဲန်အိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံ တော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယ သမ္မတနှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီးသူရသက်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်တို့ တက်ရောက်ကြပြီး ဧည့်သည်တော် ပါကစ္စတန် ရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး Mr. Ehsan Ullah Batth လည်း တက် ရောက်သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ကုန်သွယ် ရေးနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုမြှင့်တင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြ သည်။ (သတင်းစဉ်)

No comments:

Post a Comment