Wednesday, April 1, 2015

ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်းများ မေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်းတို့ကိုဆောင်ရွက်


 The Mirror Daily's photo.



နေပြည်တော် မတ် ၃၁


 အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၇ ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင်ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာမေးခွန်းများ မေးမြန်း ခြင်းနှင့် အဆိုတင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၆)မှ ဦးခင်မောင်ရီ၏ ကြံခင်းမြို့နယ် အလုံကျေးရွာနှင့် ထိန်ပင်မြောင်ကျေးရွာရှိ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)များအား အခြေခံပညာ အလယ်တန်းကျောင်း များအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ် လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ဝန်ကြီးဌာနအနေဖြင့် ကျောင်းအဆင့် တိုးမြှင့်ပေးရန် ကျောင်းသားဦးရေ ပြည့်မီခြင်း ရှိ/မရှိ၊ ကျောင်း အဆောက်အအုံ ပရိဘောဂပြည့်စုံမှု ရှိ/မရှိ၊ ကျောင်းအဆောက်အအုံ မြေနေရာ ရှိ/မရှိ၊ လမ်းပန်းဆက် သွယ်ရေး ခက်ခဲမှု၊ ဒေသန္တရ အခြေ အနေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့်လိုအပ်ချက်များပေါ် မူတည်၍ ကျောင်းအဆင့်တိုးမြှင့်ခြင်းကို ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ်အတွက် ကျောင်း အဆင့်တိုးမြှင့်ပေးရန် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးမှ ပေးပို့ သော တန်းစီဇယားတွင် အလုံကျေးရွာ ကို အမှတ်စဉ်(၄၅)နှင့် ထိန်ပင်မြောင် ကျေးရွာကို အမှတ်စဉ်(၁၅၈)ဖြင့် အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) မှ အလယ်တန်းကျောင်းအဆင့်တိုးမြှင့်ပေးရန် ထည့်သွင်းလျာထား ပါကြောင်းဖြင့် ဖြေကြားခဲ့သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာမေးခွန်းများနှင့် စပ်လျဉ်း၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးတင်ငွေက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်ငြိမ်း၏ ချောက်မြို့နယ် ပြည့်ပင်ကျေးရွာ ကျေးလက်ဒေသ မီးလင်းရေးအတွက် ခွင့်ပြုပေးထားသော ဆိုလာမီးလင်းရေး လုပ်ငန်းမှ လျှပ်စစ်မီးလင်းရေး လုပ်ငန်းသို့ ပြောင်းလဲဆောင်ရွက် ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာ ရေးနှစ်တွင် ချောက်မြို့နယ်ရှိ ကျေးရွာ(၅)ရွာရှိ အိမ်ခြေ(၆၆၂)အိမ် ဆိုလာမီးလင်းရေးအတွက် စုစုပေါင်း ကုန်ကျငွေကျပ် သန်း ၁၃၂ ဒသမ ၄ သန်းဖြင့် ခွင့်ပြုခဲ့ပါကြောင်း၊ ပြည့်ပင် ကျေးရွာ ဆိုလာမီးလင်းရေးမှ လျှပ်စစ် မီးလင်းရေးလုပ်ငန်းသို့ ပြောင်းလဲ ဆောင်ရွက်ခွင့်ပြုထားပြီး ရန်ပုံငွေကို ကျေးရွာမီးလင်းရေး ကော်မတီသို့ လွှဲပြောင်းပေး၍ မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂)မှ ဦးဆလိုင်းခွဲယန်၏ ပလက်ဝ မြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ် ရေးခက်ခဲသည့် ကျေးရွာများတွင် လူကူးကြိုးတံတားနှင့် ချောင်းကူး တံတားများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပလက်ဝမြို့နယ်အတွင်းရှိ ကြိုးတံတားလေးစင်းနှင့် သစ်သား တံတားလေးစင်းကို ၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြ ထားခြင်း မရှိသေးပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်များနှင့် စပ်လျဉ်း၍ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လစဉ်ချီးမြှင့်ငွေကျပ် ခြောက်သိန်း၊ တည်းခို နေထိုင် စရိတ်တစ်ရက်လျှင် ငွေကျပ်ငါး ထောင်၊ အခြားအသုံးစရိတ်တစ်ရက် လျှင် ငွေကျပ်ငါးထောင်၊ စားသောက် စရိတ်တစ်ရက်လျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ၂ဝ၁၅ ခုနှစ် ဧပြီလ ၁ရက်မှစတင် ခံစားခွင့်ပြု ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ တောင်သူလယ် သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေ များကို ပြည်သူ့လွှတ်တော်၏ ပြင် ဆင်ချက်အတိုင်း အတည်ပြုခဲ့သည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစောမော်ထွန်းက ပြည်သူများ၏ ကျန်းမာရေး၊ ပတ် ဝန်းကျင်နှင့် ဂေဟစနစ်များ ထိန်းသိမ်း ရေးတို့အတွက် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး၊ကင်းစင်ရေးတို့အတွက် ပြည်သူတစ်ရပ်လုံး အသိရှိရှိ ပါဝင် လာအောင် ဆောင်ရွက်ပေးရန် အဆို တင်သွင်းရာ လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment