Wednesday, April 1, 2015

ဖာမီနိုရဲ့ ဂိုးကြောင့် ဘရာဇီး ရှစ်ပွဲဆက်တိုက်နိုင်



ကမ္ဘာ့ဖလားအပြီး ဘရာဇီးအသင်းဟာ ပြိုင်ဘက်အသင်းတွေကို ဆက်တိုက်အနိုင်ရရှိနေပါတယ်။ အာဆင်နယ်ရဲ့ အီးမရိတ်ကွင်းမှာ ကစားခဲ့တဲ့ပြိုင်ပွဲမှာ ချီလီကို ဘရာဇီးက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရလိုက်ပါတယ်။ ဒီပြိုင်ပွဲဟာ ဘရာဇီးအသင်း ကမ္ဘာ့ဖလားအပြီး ရှစ်ပွဲဆက်တိုက် အနိုင်ရတဲ့ပွဲဖြစ်ပါတယ်။ ဘရာဇီးအသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ရောဘတ်တိုဖာမီနိုက သွင်းယူခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၄ ကမ္ဘာ့ဖလားအပြီး ဘရာဇီးအသင်းကို ဒွန်ကာက ပြန်လည်ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုများ ပြန်လည်ရရှိနေခြင်းဖြစ်ပါတယ်။
ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment