Wednesday, April 1, 2015

ပိုးသတ်ဆေးထိရောက်စွာ အသုံးပြုနည်းနှင့် စနစ်တကျအသုံးပြုရေး သင်တန်းဖွင့်



မြင်းခြံ မတ် ၃၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ တောင်သူများအနေဖြင့် ပိုး သတ်ဆေးများကို ထိရောက်စွာနှင့် လုံခြုံစိတ်ချစွာသုံးစွဲနိုင်ရေး အသိပညာ ပေးနိုင်ရန်အတွက် မြင်းခြံခရိုင်အတွင်း မြို့နယ်လေးခုရှိ စက်မှုသီးနှံဖွံ့ဖြိုးရေး ဦးစီးဌာနမှ သင်တန်းသားများအား ပိုးသတ်ဆေးများစနစ်တကျအသုံးပြုရေး အသိပညာပေးသင်တန်းကို မတ် ၂၉ ရက်က ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်း စန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး(ဝါသီးနှံ) ဦးထွန်းဝင်းက သင်တန်းသား သင်တန်းသူများအား ပိုးသတ်ဆေးအမျိုးအစားခွဲခြားနည်း၊ ပိုးသတ်ဆေး ဖျော်စပ်ပုံနည်းပညာများ၊ ပိုးသတ်ဆေးများကို ထိရောက်စွာအသုံးပြုနည်း၊ ပိုးသတ်ဆေးပက်ဖျန်းပုံနည်းစနစ်၊ ပိုးသတ်ဆေး၏ အဆိပ်သဘာဝ၊ ပိုးသတ် ဆေးအသုံးပြုသူ၏ ခန္ဓာကိုယ်အတွင်းသို့ ပိုးသတ်ဆေးဝင်ရောက်နိုင်ပုံများနှင့် သတိပြုရန် အချက်များ၊ အဆိပ်သင့်မှုလက္ခဏာများပြသခြင်းနှင့် ရှေးဦးပြုစု နည်းများ၊ တောင်သူများအနေဖြင့် ပိုးသတ်ဆေးကို လုံခြုံစိတ်ချစွာသုံးစွဲနည်း များကို သင်ကြားပို့ချခဲ့ပြီး သင်တန်းသားသင်တန်းသူများအနေဖြင့် နည်း ပညာများကို တောင်သူများအား ပြန်လည်ဖြန့်ဝေးပေးရန်နှင့် တောင်သူများ အနေဖြင့်လည်း စိုက်ခင်းအတွင်း ပိုးများကျရောက်မှသာ ပိုးသတ်ဆေးကို လိုအပ်သလောက် သုံးစွဲကြရန်လည်း မှာကြားသည်။
သင်တန်းသို့ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနှင့် ငါန်းဇွန်မြို့နယ်များရှိ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနများမှ သင်တန်းသား သင်တန်းသူ ၂၇ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)

No comments:

Post a Comment