Tuesday, April 28, 2015

နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ခင်ခင်ဝင်း လူမှုစီးပွားရေးမှတစ်ဆင့် တောင့်တင်းခိုင်မာစေခြင်း ဖိုရမ်သို့တက်ရောက်



နေပြည်တော် ဧပြီ ၂၇


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ခင်ခင်ဝင်းသည် ယနေ့နံနက် ၁ဝ နာရီခွဲတွင် ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ (Plenary Theatre)၌ ကျင်းပသည့် လူမှုစီးပွားရေးမှတစ်ဆင့် တောင့်တင်းခိုင်မာစေခြင်းဖိုရမ်သို့ တက်ရောက်သည်။
ဖိုရမ်တွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၏ဇနီး ဒါတင်ပါတူကာဆာရီရော့ မာမန်ဆွာက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Yunus စင်တာ၏ အုပ်ချုပ်မှုဒါရိုက်တာ Ms. Lamiya Morshed က လူမှုစီးပွားသီအိုရီနှင့် လက်တွေ့ကျင့်သုံးမှု ဥပမာများ ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။
ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံTelecom Trus မှ ဦးဆောင်ညွှန်ကြားရေးမှူးMrs.Parveen Mahmad က လူမှုစီးပွားလုပ်ငန်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ မူဝါဒများနှင့် ဘဏ္ဍာရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment