Tuesday, April 28, 2015

ကမ္ဘာကြီးကို နျူကလီးယားအန္တရာယ်ကင်းဝေးစေရန် နယူးယောက်မြို့တွင် ဆန္ဒပြတောင်းဆို




နယူးယောက် ဧပြီ ၂၇

နျူကလီးယားပြန့်ပွားမှု ထိန်း ချုပ်ရေးစာချုပ်ကို ပြန်လည် ဆန်း စစ်သည့် ညီလာခံတစ်ခုကို နယူး ယောက်မြို့တွင် စတင်ကျင်းပရာ ကမ္ဘာအရပ်ရပ်မှ တက်ြ<ွကလှုပ်ရှားသူ များက မြို့တော်၏ လမ်းမများ ပေါ်ထွက်၍ ကမ္ဘာကြီးကို နျူကလီး ယားလက်နက် အန္တရာယ်မှ ကင်းဝေး ရန် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူ ထောင်ပေါင်းများစွာ သည် တနင်္ဂနွေနေ့က နျူကလီးယား ပိုင်ဆိုင်သော နိုင်ငံများကို နျူလက် နက် အမြောက်အမြား ဖျက်သိမ်းပေး ရန် မေတ္တာရပ်ခံခဲ့သည်။

တက်ကြွလှုပ်ရှားသူများသည် ပြည်သူတို့ရေးထိုးထားသည့် လက် မှတ်ပေါင်း ရှစ်သန်းကို ကုလသမဂ္ဂ အဏုမြူဖျက်သိမ်းရေး အကြီးအကဲ အိန်ဂျလာကိန်းထံသို့ ပေးပို့ခဲ့သည်။

အဆိုပါ ဆန္ဒပြသူများထဲတွင် ဂျပန်နိုင်ငံသားများလည်း ပါဝင် သည်။ ဂျပန်နိုင်ငံသည် ၁၉၄၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ အဏု မြူ ဗုံးထိမှန်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ၄င်းဆန္ဒပြသူများထဲတွင် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့ကို အဏုမြူဗုံးနှင့်တိုက်ခိုက်စဉ် အသက် ရှင်ကျန်ရစ်သူများ ပါဝင်သည်။
နျူကလီးယားပြန့်ပွားမှု ထိန်း ချုပ်ရေးစာချုပ်ကို ပြန်လည်ဆန်း စစ်သည့် ညီလာခံကို ငါးနှစ်လျှင် တစ်ကြိမ် ကမ္ဘာ့အင်အားကြီး နိုင်ငံ များတွင် ကျင်းပသည်။ ၄င်းညီလာခံ တွင် ယခုအချိန်ထိ နျူကလီးယား ဖျက်သိမ်းရေးကြိုးပမ်းချက် အောင် မြင်မှု သမိုင်းမှတ်တိုင်များကို ပြန်လည်သုံးသပ်ခဲ့သည်။
ကမ္ဘာ့နျူလက်နက် ပိုင်ဆိုင်သော နိုင်ငံများမှာ အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အစ္စရေးနှင့် မြောက် ကိုရီးယားတို့ဖြစ်သည်။

၎င်းနိုင်ငံများအနက် အမေ ရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နှင့် တရုတ်နိုင်ငံတို့သည် နျူကလီးယား ပြန့်ပွားမှု ထိန်းချုပ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံများ ဖြစ်သည်။
(ပရက်စ်တီဗွီ)

No comments:

Post a Comment