Tuesday, April 28, 2015

(၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး သီးသန့်ဆွေးနွေးပွဲ လန်ကာဝီ၌ ကျင်းပ



ကွာလာလမ်ပူ ဧပြီ ၂၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ဧပြီ ၂၇ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ကွာလာလမ်ပူမြို့မှ မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာလာရာ လန်ကာဝီလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ရောက်ရှိသည်။
ထို့နောက် ဒေသစံတော်ချိန် ည ၇ နာရီတွင် လန်ကာဝီ ကွန်ဗင်းရှင်း စင်တာ၌ (၂၆)ကြိမ်မြောက် အာဆီယံ ထိပ်သီးသီးသန့်အစည်းအဝေးကို ကျင်းပရာ အာဆီယံနိုင်ငံ့ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် (၂၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားကို ကျင်းပရာ မလေးရှားနိုင်ငံဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အပါအဝင် အာဆီယံနိုင်ငံ များမှ ခေါင်းဆောင်များ၊ ဇနီးများအား မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် ဇနီး တို့က Westin Hotel ရေကူးကန် မြက်ခင်းပြင်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)

No comments:

Post a Comment