Wednesday, April 29, 2015

ဟာနန်ဒက်ဇ်အခွင့်အရေးရဖို့ စိတ်ရှည်ခဲ့ကြောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ချီးမွမ်း





The Mirror Daily's photo.


ရီးယဲလ်တိုက်စစ်မှူး ဂျာဗီးယားဟာနန်ဒက်ဇ်သည် ရီးယဲလ်က ဆယ်လ်တာ ဗီဂိုအားလေးဂိုး-နှစ်ဂိုးဖြင့်အနိုင်ရသောပွဲစဉ်၌ ရီးယဲလ်အတွက်အရေးပါသော သွင်းဂိုးနှစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပြီးနောက် အသင်းဖော်ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ဟာနန်ဒက်ဇ်အနေဖြင့်ပွဲထွက်ကစားခွင့်ရရန်စိတ်ရှည်ရှည်နှင့်စောင့်ဆိုင်းခဲ့ရပြီး အခွင့်အရေးရသည်နှင့်သူ၏စွမ်းရည်ကို ပြသနိုင်ခဲ့ခြင်းဖြစ်သည်ဟု ချီးကျူး ပြောကြားခဲ့သည်။ 

ယင်းပွဲစဉ်အစတွင် ရီးယဲလ်မှာ ဆယ်လ်တာမှနိုလီတို၏အစောပိုင်း သွင်းဂိုးကြောင့် နောက်မှလိုက်ပြီးကစားနေခဲ့ရသော်လည်း တိုနီခရူးစ်နှင့် ဟာနန်ဒက်ဇ် တို့၏သွင်းဂိုးနှစ်ဂိုးကြောင့် ပထမပိုင်းမှာပင် နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ သည်။ ဟာနန်ဒက်ဇ်သည် ပြီးခဲ့သည့် ဧပြီ၂၂ရက်ကပင် ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်ဒုတိယအကျော့၌ အက်သလက်ဘက်သို့ တစ်လုံးတည်းသောအနိုင်ဂိုး ကိုသွင်းယူကာ ရီးယဲလ်အားအကြိုဗိုလ်လုပွဲဆီသို့ အရောက်ပို့ပေးနိုင်ခဲ့ရာ ရီးယဲလ်၏ သူရဲကောင်းဖြစ်ခဲ့သူဖြစ်သည်။

ဂျိမ်းရိုဒရီဂွက်ဇ်က ဟာနန်ဒက်ဇ်အနေဖြင့်အရန်ခုံပေါ်တွင် ထိုင်နေခဲ့ရပြီး အသင်း၏အဓိကတိုက်စစ်မှူး ဘင်ဇီမာဒဏ်ရာရနေစဉ် ဝင်ရောက်ကစားခွင့်ရ ချိန်၌် ယခုကဲ့သို့ ခြေစွမ်းပြဂိုးများသွင်းယူနိုင်ခဲ့ခြင်းအပေါ်ကျေနပ်မိကြောင်း ချီးကျူးခဲ့သည်။

ဂျိမ်းစ်က'' ချီချာတိုဟာတကယ်ကောင်းတဲ့ကစားသမားပါ။သူက လေ့ ကျင့်ရေးကွင်းမှာလည်းကြိုးစားသလို အခုဒီလိုခြေစွမ်းပြနေတော့ ကျွန်တော်သူ့ အတွက်ကျေနပ်မိပါတယ်။သူ့မှာ ဘယ်လိုတွေပဲရှိရှိ အဆင်ပြေအောင်နေထိုင် နိုင်ခဲ့သလို အခုတော့သူ့ရဲ့စိတ်ရှည်မှုတွေ အတွက်သူပြန်လည်ရရှိခဲ့တာဖြစ် ပါတယ်။ဒုတိယပိုင်းမှာတော့ နည်းပြက ပွဲကိုထိန်းကျောင်းကစားဖို့ ညွှန်ကြား ခဲ့ပြီး သူတို့က တရစပ်တိုက်စစ်ဆင်နေချိန်မှာ ပွဲကိုထိန်းချုပ်ဖို့ပဲ ကြိုးစားခဲ့ပါ တယ်'' ဟု ဆိုသည်။

ယခုကဲ့သို့ ဟာနန်ဒက်ဇ်၏ခြေစွမ်းပြမှုကြောင့် တိုက်စစ်နေရာရွေးချယ်မှု တွင် အန်စလော့တီအတွက်ခေါင်းခဲစရာဖြစ်လာခဲ့ပြီဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment