Tuesday, April 28, 2015

ဟာဇက်ရဲ့ခြေတစ်ဖက် ပေါင်သန်း ၁၀၀ လို့ဆို

 
 
Myanmaalinn's photo.
 
ဒီနှစ် ပရီမီယာလိဂ်မှာတော့ ချယ်လ်ဆီးကစားသမား အီဒင်ဟာဇတ်က တော့ အတော်လေး ခြေစွမ်းပြကစားနေတဲ့ ကစားသမားဖြစ်ပါတယ်။ ဒီလို ခြေစွမ်းပြကစားနိုင်ခဲ့တဲ့အတွက် လာလီဂါထိပ်တန်းကလပ်တွေကလည်း မျက်စိကျလာပါတယ်။ ဘယ်လ်ဂျီယံသား ဟာဇတ်ကို လာလီဂါထိပ်သီး ကလပ်တွေဖြစ်တဲ့ ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာတို့လို အသင်းကြီးတွေက ခေါ်ယူဖို့ ကမ်းလှမ်းလာတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ချယ်လ်ဆီးနည်းပြ မော်ရင်ညိုကတော့ သူ့ကို စတမ်းဖို့ဒ်ဘရစ်က ထွက်ခွာခွင့်ပေးမှာ မဟုတ် ပါဘူးလို့ ဆိုပါတယ်။ ဟာဇတ်ကိုခေါ်ချင်ရင် ခြေတစ်ဖက် ပေါင်သန်း ၁ဝဝ ပေးမှရမယ်လို့ မပေးနိုင်တဲ့ဈေးကို မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။ ဟာဇတ်ဟာ ပရီမီယာလိဂ် အကောင်းဆုံးဘောလုံးသမား ဆန်ခါတင်ရွေး ချယ်ခံထားရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
သူဟာ ဒီနှစ်ရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ အဆုံးအဖြတ်ဂိုး အများစု ကို သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကို ဇယားထိပ်ရောက်အောင်လည်း အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ပြိုင်ပွဲအများဆုံးမှာ ဂိုးရအောင် သွင်းယူနိုင်တဲ့ စွမ်းရည်က သူ့ရဲ့ ထက်မြက်တဲ့စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း သူ့ကို ရီးရဲမက်ဒရစ်က ခေါ်ယူဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment