Tuesday, April 28, 2015

ပရီမီယာလိဂ် တန်းတက်လမ်းကြောင်းပေါ်ရောက်လာတဲ့ ၀က်စ်ဖို့ဒ်

 
 
Myanmaalinn's photo.
 
လာမယ့် ပရီမီယာလိဂ်ရာသီမှာ တန်းတက်လာနိုင်တဲ့ အသင်းတွေထဲမှာ ဝက်စ်ဖို့ဒ်အသင်းဟာလည်း တစ်သင်းအပါအဝင်ဖြစ်ပါတယ်။ ချန်ပီယံရှစ်မှာ ခြေစွမ်းပြနေတဲ့အသင်း ဖြစ်ပါတယ်။ ဝက်စ်ဖို့ဒ်အသင်းဟာ ဘရိုက်တန်ကွင်း မှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် အမှတ်ပေးဇယားထိပ်မှာ ရပ်တည်လာနိုင် ပါတယ်။ ဒီပွဲက ဝက်စ်ဖို့ဒ်အသင်းရဲ့ ငါးပွဲဆက်တိုက်အနိုင်ရတဲ့ပွဲလို့လည်း ဆိုပါတယ်။ ဝက်စ်ဖို့ဒ်အသင်းဟာ ဒီပွဲအနိုင်ရလိုက်တဲ့အတွက် အမှတ်ပေး ဇယားမှာ လေးမှတ်အသာနဲ့ ရပ်တည်လာနိုင်ပါတယ်။ လာမယ့်နှစ်ရာသီမှာ ပရီမီယာလိဂ်သို့ တန်းတက်ဖို့ တာစူနေတဲ့ အသင်းတွေကတော့ မစ်ဒယ် ဘရော့နဲ့ နော့ဝှစ်ခ်ျတို့လည်း ပါဝင်ပါတယ်။ ဝက်ဖို့ဒ်အသင်းဟာ ပြီးခဲ့တဲ့ အဝေးကွင်းကိုးပွဲမှာ ခုနစ်ပွဲအနိုင်ရထားတယ်လို့ ဆိုပါတယ်။ ဝက်စ်ဖို့ဒ်အသင်း နဲ့အတူ အဓိက ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးကတော့ ဒင်းနေးပဲ ဖြစ်ပါတယ်။ သူဟာ ဒီနှစ်ရာသီမှာ ဝက်စ်ဖို့ဒ်အသင်းအတွက် စုစုပေါင်း ၂၁ ဂိုး သွင်းယူ ပေးထားပါတယ်။ ဝက်စ်ဖို့ဒ်အသင်းဟာ မေ ၂ ရက်မှာ ကစားမယ့် ရှက်ဖီး ဝက်နက်စဒေးနဲ့ပွဲမှာ အနိုင်ကစားနိုင်မယ်ဆိုရင်တော့ ချန်ပီယံရှစ်ဆုဖလား ကို ဆွတ်ခူးပြီး ပရီမီယာလိဂ်နဲ့ တန်းတက်လာမှာဖြစ်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment