Wednesday, April 29, 2015

စပိန်လာလီဂါရင်ခုန်သံ-၃၅




The Mirror Daily's photo.


စပိန်လီဂါပွဲစဉ် ၃၅ ကို လာမယ့် မေလ ၂၊ ၃၊ ၄၊ ၅ ရက်တွေမှာ ကျင်းပသွားဖို့ရှိပါတယ်။ ဒီပွဲမတိုင်ခင်မှာ ကြားရက်အတွင်းမှာလည်း စပိန်လာလီဂါပွဲစဉ် ၃၄ ကို ယှဉ်ပြိုင်ကစားသွား မှာဖြစ်နေလို့ လက်တွေ့အနေနဲ့ ပွဲပန်းလာနိုင် တဲ့အပြင် ဒီပွဲအပြီး ချန်ပီယံလိဂ်လည်း ရှိလို့ ဘာစီလိုနာနဲ့ ရီးယဲလ်ပွဲဆက်တွေများနေတာ သတိပြုရမယ်။

ကော်ဒိုဘာ-ဘာစီလိုနာ ည ၈း၃ဝ (၂-၅-၁၅)

ဘာစီလိုနာဟာခြေစွမ်းပိုင်းကောင်းမွန်နေသလို နေမာ၊ မက်ဆီ၊ ဆွာရက်ဇ်တိုက်စစ်အတွဲကလည်း သိပ်ကောင်းနေတယ်။ ဘာစီလိုနာအနေနဲ့ ဒီပွဲအပြီးမှာ ချန်ပီယံလိဂ်ကစားရဖို့ရှိပေမယ့် ရီးယဲလ်နဲ့အမှတ်ကွာဟမှုကို ဆက်ထိန်းနိုင်ဖို့အမှားခံမှာမဟုတ်ဘူး။ ကော်နိုဘာခြေကလည်း အတော် အားနည်းတော့ ဘာစီလိုနာအနိုင်ရဖို့သေချာတယ်။

အက်သလက်-ဘီလ်ဘို ည ၁ဝး၃ဝ (၂-၅-၁၅)

နောက်ဆုံးပွဲမှာ အဲလ်ချီကိုဂိုးပြတ်နိုင်ခဲ့တဲ့ပွဲအပါအဝင် နောက်ဆုံး ငါးပွဲမှာအရှုံးမရှိ လေးပွဲအနိုင်ရခဲ့တဲ့ အက်သလက်တီကိုရဲ့ခြေက ကောင်းမွန် နေတယ်။ ချန်ပီယံလိဂ်ကလည်းထွက်ခဲ့ရတော့ လာလီဂါကိုသာအာရုံစိုက် ကစားမှာပါ။ ဘီလ်ဘိုခြေကလည်းကျဆင်းနေတာကြောင့် အိမ်ကွင်းမှာ အက်သလက်တီကိုပဲနိုင်ပွဲရမယ်။

ဆီဗီးလ် - ရီးယဲလ် နံနက် ဝဝး၃ဝ (၃-၅-၁၅)

 ရီးယဲလ်က ဒီပွဲအပြီးမှာ ချန်ပီယံလိဂ်ကစားရဖို့ရှိတယ်။ ဒါ့အပြင် အခု နောက်ပိုင်းမှာ ရီးယဲလ်မက်ဒရစ်ရဲ့တိုက်စစ်ကစားပုံဟာအားနည်းမှုတွေရှိနေ တယ်။ ဆီဗီးလ်ကလည်း ဒီပွဲအပြီး ယူရိုပါလိဂ်ရှိပေမယ့် အိမ်ကွင်းဖြစ်သလို လက်ရှိ အသင်းလိုက်ကစားပုံ ကောင်းနေတယ်။ ရီးယဲလ်အနိုင်ရမယ်ဆိုရင် တောင် ဂိုးမပြတ်နိုင်ဘူး။

ဒီပို့တီဗို - ဗီလာရီးယဲလ် နံနက် ၂း၃ဝ (၃-၅-၁၅)

 ဆိုစီဒက်နဲ့သရေကျပြီးတဲ့နောက် ဗီလာရီးယဲလ်ဟာနောက်ဆုံးငါးပွဲ ဆက်တိုက်အနိုင်ပျောက်သွားတယ်။ ဒီအတွက်နိုင်ပွဲပြန်ရရေးဦးတည်လာမှာ ဖြစ်ပေမယ့် ဗီလာရီးယဲလ်ဟာ တိုက်စစ်ကအစမငြိမ်ဘူး။ ဒါ့အပြင် ဒီပို့တီဗိုက လည်း တန်းမဆင်းရဖို့အိမ်ကွင်းမှာခံကစားသွားမှာဖြစ်တာကြောင့် ဗီလာ ရီးယဲလ်နိုင်ရင်တောင်မပြတ်သားဘူး။

ဗလန်စီယာ-အီဘား ည ၁၁း၃ဝ (၃-၅-၁၅)

 ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက် အမှားမခံတဲ့အခြေအနေကိုရောက် နေတဲ့ ဗလန်စီယာဟာအမှားခံမှာ မဟုတ်သလို လက်ရှိကစားပုံကလည်း ကောင်းမွန်နေပါတယ်။ အထူးသဖြင့် အိမ်ကွင်းပွဲစဉ်တွေမှာ ခြေပိုမို တည်ငြိမ် တတ်တာကြောင့် တန်းမဆင်းရရေးရုန်းလာမယ့် အီဘားကိုထိန်းနိုင်မှာပါ။ ဗလန်စီယာပဲနိုင်ပွဲရသွားပါလိမ့်မယ်။

အယ်မာရီယာ-ဆယ်တာဗီဂို နံနက် ၁း၁၅ (၅-၅-၁၅)

အယ်မာရီယာက အခုနောက်ပိုင်းမှာ ရလဒ်ပိုင်းမတည်ငြိမ်ဘူးဆိုပေမယ့် အသင်းလိုက်ရုန်းအားမဆိုးဘူး။ ဒီပွဲက အိမ်ကွင်းလည်းဖြစ်လို့ တန်းမဆင်းရ ရေး အားစိုက်ကစားလာမှာလည်းသေချာတယ်။ ဆယ်တာဗီဂိုကတော့ ခြေ မဆိုးဘူးဆိုပေမယ့် ဒီပွဲမှာအယ်မာရီယာရဲ့ ရုန်းအားကြောင့် သရေကျသွားနိုင်တယ်။
ရှိုင်းမင်းမင်း

No comments:

Post a Comment