Wednesday, April 1, 2015

နတ်မောက်၌ ဒေဒေါင်း လယ်ယာသုံး ထွန်စက်များ အရစ်ကျဖြင့် ရောင်းချ





'နတ်မောက်၌  ဒေဒေါင်း လယ်ယာသုံး ထွန်စက်များ အရစ်ကျဖြင့်  ရောင်းချ 
=============================================

နတ်မောက် မတ် ၃၁

မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကိုရီးယားနိုင်ငံ ဒေဒေါင်းကုမ္ပဏီထုတ် လယ်ယာသုံးထွန်စက်များ သရုပ်ပြပွဲ
နှင့် ပေးအပ်ပွဲအခမ်းအနားကို မတ် ၂၉ ရက် နံနက် ၉နာရီက နတ်မောက် မြို့နယ် သမဝါယအသင်းစုအစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထို့နောက် နတ်မောက်မြို့နယ် သမဝါယမ ဦးစီးအရာရှိ ဦးဌေးလင်းအောင်က နတ်မောက်မြို့နယ်တွင် မြင်းကောင်ရေ ၅ဝ အား နှစ်စီး၊  မြင်းကောင်ရေ ၆ဝ အား ၁ဝ စီးသာ စာချုပ်ချုပ်ဆို ရောက်ရှိနေပြီးဖြစ်ကြောင်း၊ ထွန်စက်
တန်ဖိုးမှာ သိန်း ၂ဝဝ အထက်ဖြစ်ပါက မူယင်းဈေး၏ ၁ဝ ရာခိုင်နှုန်းကို လက်ငင်းပေးချေပြီး တစ်နှစ်ပြည့်လျှင် ငါးရာခိုင်နှုန်းဖြင့် အတိုးကို ထပ်မံပေးချေရကာ ခြောက်လ တစ်ရစ်နှုန်းဖြင့် ၁၂ ရစ်ကို ခြောက်နှစ်အတွင်း အပြီး
သတ် ပေးချေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကျပ်သိန်း ၂ဝဝ အောက်ဆိုလျှင် ခြောက်လ တစ်ရစ်နှုန်းဖြင့် ၁ဝ ရစ်
ကို အပြီးသတ် ပေးချေရမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေး
အောင်က ပြောကြားခဲ့ပြီး စာချုပ်ချုပ်ဆိုပြီးသော လယ်ယာသုံးထွန်စက် ၁၂ စီး
ကို အသင်းသား တောင်သူများကို ပေးအပ်ခဲ့သည်။ 

ဇင်ဝေယံလင်း (နတ်မောက်)'


နတ်မောက် မတ် ၃၁

မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကိုရီးယားနိုင်ငံ ဒေဒေါင်းကုမ္ပဏီထုတ် လယ်ယာသုံးထွန်စက်များ သရုပ်ပြပွဲ
နှင့် ပေးအပ်ပွဲအခမ်းအနားကို မတ် ၂၉ ရက် နံနက် ၉နာရီက နတ်မောက် မြို့နယ် သမဝါယအသင်းစုအစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထို့နောက် နတ်မောက်မြို့နယ် သမဝါယမ ဦးစီးအရာရှိ ဦးဌေးလင်းအောင်က နတ်မောက်မြို့နယ်တွင် မြင်းကောင်ရေ ၅ဝ အား နှစ်စီး၊ မြင်းကောင်ရေ ၆ဝ အား ၁ဝ စီးသာ စာချုပ်ချုပ်ဆို ရောက်ရှိနေပြီးဖြစ်ကြောင်း၊ ထွန်စက် တန်ဖိုးမှာ သိန်း ၂ဝဝ အထက်ဖြစ်ပါက မူယင်းဈေး၏ ၁ဝ ရာခိုင်နှုန်းကို လက်ငင်းပေးချေပြီး တစ်နှစ်ပြည့်လျှင် ငါးရာခိုင်နှုန်းဖြင့် အတိုးကို ထပ်မံပေးချေရကာ ခြောက်လ တစ်ရစ်နှုန်းဖြင့် ၁၂ ရစ်ကို ခြောက်နှစ်အတွင်း အပြီး သတ် ပေးချေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကျပ်သိန်း ၂ဝဝ အောက်ဆိုလျှင် ခြောက်လ တစ်ရစ်နှုန်းဖြင့် ၁ဝ ရစ် ကို အပြီးသတ် ပေးချေရမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေး အောင်က ပြောကြားခဲ့ပြီး စာချုပ်ချုပ်ဆိုပြီးသော လယ်ယာသုံးထွန်စက် ၁၂ စီး ကို အသင်းသား တောင်သူများကို ပေးအပ်ခဲ့သည်။
ဇင်ဝေယံလင်း (နတ်မောက်)

No comments:

Post a Comment