Tuesday, April 28, 2015

အစိုးရနည်းပညာအထက်တန်းကျောင်း (ရှမ်းရွာကြီး) ဖွင့်





 ကျောက်ဆည် ဧပြီ ၂၇

နိုင်ငံတော်အစိုးရအဖွဲ့သစ် စတင် တာဝန်ယူခဲ့ပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားတို့၏ လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကဏ္ဍစုံ၊ ဘက်ပေါင်းစုံတွင် ပြုပြင်ပြောင်းလဲ မှုများ ဆောင်ရွက်လျက်ရှိရာ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ နယ် ရှမ်းရွာကြီးကျေးရွာအနီးတွင် ဧပြီ ၂၇ ရက် နံနက် ၉ နာရီခွဲက နည်း ပညာနှင့် သက်မွေးပညာဦးစီးဌာန အစိုးရ နည်းပညာအထက်တန်း ကျောင်း (ရှမ်းရွာကြီး)၌ ဖွင့်ပွဲ ကျင်းပသည်။

ဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်း ပညာနှင့် သက်မွေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမော် ထွန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး က ကျောင်းဆိုင်းဘုတ်ကို စက် ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် အစိုးရနည်း ပညာအထက်တန်း ကျောင်း (ရှမ်းရွာကြီး)တွင် လယ် ယာသုံးစက်ကိရိယာ ပြုပြင်ထိန်း သိမ်းရေးသင်တန်းအပြင် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေး သင် တန်းနှင့် နေစွမ်းအင်အသုံးချ နည်းပညာသင်တန်းကိုပါ တစ်ပြိုင် နက်တည်း ဖွင့်လှစ်သွားမည် ဖြစ် ကြောင်း၊ သင်တန်းများကို တက် ရောက်ခြင်းအားဖြင့် မိမိတို့ နေ့စဉ် ထိတွေ့အသုံးပြုနေသော စက်ပစ္စည်း များအား သက်တမ်းပြည့်သုံးစွဲနိုင် ရန်အတွက် ထိန်းသိမ်းကာကွယ် နိုင်ခြင်း၊ စက်ပစ္စည်းအစိတ်အပိုင်း များကို အသစ်လဲလှယ်အစား ထိုးနိုင်ခြင်းစသည့် အကျိုးကျေးဇူး များ ရရှိမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ နည်းပညာ ရှင်များ၊ အတတ်ပညာရှင်များ၊ လူမှု ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များက သင် တန်းပို့ချမည့် အခန်းများနှင့် ပြခန်း များကို လေ့လာကြည့်ရှုရာ သက် ဆိုင်ရာသင်တန်းတာဝန်ခံ ဆရာ ဆရာမများက ကဏ္ဍအလိုက်သင် တန်းပို့ချမည့်အစီအစဉ်များကို ရှင်း လင်းပြောကြားခဲ့ကြောင်း သိရသည်။
သက်မောင်(iprd)

No comments:

Post a Comment